File Size (775) MB
English to Myanmar ဘူမိဗေဒ အဘိဓာန် apk လင့်လေးပါ။
Play Store Linkကျောက်နှင့် တွင်းထွက်များ မိတ်ဆက်
၁။
ကမ္ဘာမြေ
ကမ္ဘာပေါ်က
ကျောက်နဲ့ တွင်းထွက်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄.၅ ဘီလီယံခန့်ကစတင်ဖြစ်ပေါ်ခဲ့ ပါတယ်။
ကမ္ဘာဂြိုလ်စတင်ပေါ်ပေါက်ခဲ့ချိန်ဖြစ်ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အမှုံနဲ့ ဓါတ်ငွေ့
အစုအဝေး တွေဟာ ကြုံခြင်း၊ ပွခြင်း၊ အေးခဲခြင်း ဖြစ်စဉ်များမှ ဖြစ်ပေါ်လာပါတယ်။ ကမ္ဘာ့အစိုင်အခဲမှာ
ပိုပြီးလေးတဲ့ ပစ္စည်းတွေ ဗဟိုချက်သို့ စုဝေးလာရာမှ အလွှာလိုက်ဖြစ်ပေါ်လာ ခြင်းဖြစ်ပါတယ်။
ယနေ့အချိန်မှာ
ကမ္ဘာဂြိုလ် အနှစ် (core) ဟာဆိုရင်ဖြင့် သံနှင့်
နီကယ်ရည်များဖြင့် ပြည့် နှက်နေပါတယ်။ ကြားလွှာ (mental) ကတော့ ကျောက်သား တွေနဲ့ ဖွဲ့စည်းထားပါတယ်။
အပေါ်ယံဖုံးအုပ်လွှာကို အခွံ (crust) လို့ခေါ်ပါတယ်။ ဘဆော့ (basalts) နဲ့ မီးသင့်ကျောက်
(granite) အများစုနဲ့ ဖွဲ့စည်းထားပါတယ်။ ယနေ့ခေတ် လွန်တူးခြင်းနည်းပညာဟာ ကမ္ဘာ့မြေထုနှင့်
နှိုင်းဆလျှင် အပေါ်လွှာမှ ကြားလွှာအထိ ခပ်တိမ်တိမ်သာ တူးဖောက်နိုင် ပါတယ်။ အတွင်းပိုင်း၏
လျှို့ဝှက်ချက်များမှာ မှန်းဆချက်များသားဖြစ်ပြီး၊ ထို့ကြောင့် လည်း ဘူမိဗေဒပညာရှင်များ
ရှိနေကြခြင်းဖြစ်ပါတယ်။
၂။
ကျောက်နှင့် တွင်းထွက်များ
တွင်းထွက်တွေဟာ သဘာဝအလျှောက်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။
ပုံဆောင်များ၊ သက်မဲ့ပစ္စည်းများ ဖြစ်ပြီး စနစ်ကျသော ဒြပ်ဖွဲ့စည်းပုံရှိပါတယ်။ ကျောက်အားလုံးဟာ
တွင်းထွက် တွေနဲ့ ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ ကျောက်နဲ့ တွင်းထွက်တွေဟာ ဖြစ်၊ ပျက်
သံသရာစက်ဝိုင်းကဲ့သို့ ချာလပါတ်လည်နေပါတယ်။ ဘူမိဗေဒ သက်တမ်းအသီးသီးအလိုက် ဖြစ်၊ ပျက်
ခဲ့သလိုနောင်လည်း ဆက်လက် ဖြစ်၊ ပျက်နေမှာလဲ ဖြစ်ပါတယ်။
ကမ္ဘာ့အပေါ်ယံ လွှာကို ဖုံးအုပ် ဖွဲ့စည်း
ထားသော ကြီးမားတဲ့ မြေထုချပ်ကြီးတွေက ရပ်တန့်ခြင်းမရှိပဲ၊ ဖြည်းညှင်းစွာ ရွေ့လျားနေကြတယ်။
မြေထုချပ် အချင်းချင်း ပွတ်တိုက် ထိတွေ့တဲ့ အခါမှာ တွန့်ခေါက်ပြီး ဟိမဝန္တာကဲ့သို့
တောင်တန်းများဖြစ်ပေါ်လာပါတယ်။ တခါတရံမှာ တသီးတခြား လွင့်ထွက်သွားပြီး ကမ္ဘာပေါ်မှာ
သီးခြားကုန်းမြေအဖြစ် ဖြစ်ပေါ်နေတတ်ပါတယ်။ မီးတောင်ပေါက်ခြင်း၊ ငလျှင်လှုပ်ခြင်း၊ ရေခဲထုများ၊
လေတိုက်ခြင်း၊ မိုးရွာခြင်းနှင့် အခြား တိုက်စားခြေဖျက်မှုဒဏ်တွေဟာ ကမ္ဘာ့ပုံသဏ္ဌာန်နဲ့
ကျောက်၊ တွင်းထွက်များ ဖြစ်ပေါ်၊ ပျံနှံ့ခြင်း သံသရာအား မောင်းနှင်ထားသည့် အားများဖြစ်ပါတယ်။
၃။
သက်ရှိများဖြစ်ပေါ်ချိန်
လွန်ခဲ့တဲ့ နှစ် ၃.၅ ဘီလျံ ခန့်မှာ
ကမ္ဘာပေါ် ပထမဆုံးသက်ရှိတွေ ဖြစ်ပေါ်လာတယ်လို့ ပညာရှင်များ တွက်ချက်ကြပါတယ်။ သမုဒ္ဒရာရေပြင်ဟာ
ဆင့်ကဲပြောင်းလဲမှု တွေကြောင့် ကမ္ဘာ့ပထမဆုံး သက်ရှိများ စတင်မွေးဖွားရာ နေရာလည်းဖြစ်ပါတယ်။
သက်ရှိအများစုဟာ နှစ်ပေါင်း ၃ ဘီလျံ ခန့် ကြာတဲ့
အထိ ပင်လယ်ပြင်မှာပဲ ဖြစ်ပေါ်နေထိုင်နိုင်ပါသေးတယ်။ အဏုဇီဝ ပိုးမွှားမှ စတင်ကာ၊ ကမ္ဘာဉီးသက်ရှိများအထိ
ဖြည်းဖြည်းချင်း ဆင့်ကဲပြောင်းလဲ ဖြစ်ပေါ်လာပါတယ်။ ငမန်းတွေဟာ သူတို့ စတင်ဖြစ်ပေါ်ခဲ့သည့်
လွန်ခဲ့သော နှစ်သန်း ၄၀၀ မှစတင်ကာ ပုံစံအနည်းငယ်သာ ပြောင်းလဲခဲ့ပါတယ်။ အချို့မျိုးစိတ်များကတော့
ထာဝရ ပျောက်ကွယ်၊ ပျက်သုဉ်းခဲ့ရပါတယ်။ အပင်နဲ့ သတ္တဝါတွေဟာ လွန်လေပြီးသော နှစ် သန်း
၅၀၀ ခန့်မှစတင်ကာ ကမ္ဘာ့မြေပြင်ပေါ်တွင် အခြေချနိုင်ခဲ့ကြပါတယ်။
အပင်နဲ့ သက်ရှိတွေ ဖြစ်ပေါ်မှုဟာ ကျောက်နဲ့
တွင်းထွက်များ ဖြစ်ပေါ်မှုနှင့် ရှုပ်ထွေးစွာ ချိတ်ဆက်နေပါတယ်။ ဘူမိဗေဒပညာရပ်ဟာ ကျောက်များ
အကြောင်းသာမက ကမ္ဘာ့သမိုင်းမှတ်တမ်းလည်း ဖြစ်ပါတယ်။ လက်လှမ်းမမှီတဲ့ အချိန်ကာက သက်ရှိတွေအကြောင်းကို
ရုပ်ကြွင်းများ အကူအညီဖြင့် ဖော်ထုပ်နိုင်ပါတယ်။
အဲ့လဲ့ လျှော့တော့မတွက် စေချင်။
၄။
ရုပ်ကြွင်းများ ဖြစ်ပေါ်မှု
အပင်နဲ့ သတ္တဝါတွေ ရုပ်ကြွင်း အဖြစ် ဖြစ်ပေါ်နိုင်ဖို့ရာ တိကျသေချာသော
အနေအထား အများကြီး လိုအပ်ပါတယ်။ အစိတ်အပိုင်းတွေကို ပတ်ဝန်းကျင်နှင့် ဘက်တီးရီးယားများစားသုံးခြင်းကြောင့်
ဖြစ်ပေါ်နိုင်တဲ့ ပုပ်ဆွေးခြင်းဒဏ်မှ ကာကွယ်ရန် အခြားအရာတစ်ခုခုဖြင့် လျှင်မြန်စွာဖုံးအုပ်မှုရှိရန်
လိုအပ်ပါတယ်။ ဒီစံချိန်တွေနဲ့ ကိုက်ညီသွားရုံနဲ့လည်း မပြီးသေးပါဘူး၊ မာတဲ့ အစိတ်အပိုင်းတွေ
ဖြစ်တဲ့ အရိုး၊ အခွံ၊ သွားတွေကို တွင်းထွက်များဖြင့် မူလပုံစံအတိုင်း ထပ်မံ ဖြည့်တင်းခြင်း
ဖြစ်ပေါ်ရန်လိုပါတယ်။ ရုပ်ကြွင်းတခု ဖြစ်ပြီးပေမယ့်၊ ရေအောက်မှာ ရုပ်ကြွင်းဖြစ်ပေါ်တဲ့
အဆင့် ဖြတ်ကျော်ခြင်း မရှိခဲ့ရင် သူ့ကို ထာဝရ ရှာဖွေတွေ့ရှိတော့မှာ မဟုတ်ပါဘူး။ ရှာဖွေတွေ့ရှိရတဲ့
ရုပ်ကြွင်းအများစုဟာ ကမ္ဘာဦးတုန်းက ပင်လယ်ရေ ဖုံးလွှမ်းခဲ့တဲ့ နေရာတွေဖြစ်ပါတယ်။ အချိန်ကာလ
ကြာမြင့်လာတဲ့ အခါ ပင်လယ်ရေဆုတ်ခွာခြင်း၊ ကုန်းမြေချဲ့ထွင်ခြင်း၊ တောင်ဖြစ်ရပ်ဝန်း
ဖြစ်စဉ်များကြောင့် ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။ ကမ္ဘာ့မြေ ရာဇဝင်နှင့် နှိုင်းဆလျှင်
လူ့သက်တမ်းနှင့် အသိဉာဏ်သည် အလွန်နည်းပါးလှပါတယ်။ သုံးသပ်ချက်တွေဟ ပြည့်စုံခြင်းမရှိနိုင်သလို၊
ပျက်သုဉ်းခဲ့တဲ့ မျိုးစိတ်အားလုံးရဲ့ ရုပ်ကြွင်းတွေကို ဖော်ထုပ်နိုင်ခြင်းမရှိပါဘူး။
ရှာမတွေ့သေးတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ လေ့လာပြီးခဲ့သမျှမှာ အကြီးဆုံး သတ္တဝါ
ဒိုင်နိုင်ဆော အပါအဝင် Cretaceous သက်တမ်းနောက်ပိုင်းဖြစ်ပေါ်တဲ့ သတ္တဝါတွေရဲ့ ၄ ပုံ ၁ ပုံ လောက်ကိုပဲ ခန့်မှန်းဖောက်ထုပ်နိုင်ပါတယ်။
၅။
ဘူမိဗေဒပညာရပ် ကိုလေ့လာကြည့်မယ်ဆိုရင်
ဘူမိဗေဒပညာရပ်က ၁၉ ရာစုနောက်ပိုင်းမှာ
ထွန်းကားလာတဲ့ ကမ္ဘာကြီးကို လေ့လာတဲ့ အကျိုးရှိ သိပ္ပံပညာရပ်ဖြစ်ပါတယ်။ ချားလိုင်ရယ်
(Charles Lyell 1979 - 1875) တို့ကဲ့သို့သော ဘူမိဗေဒ ပညာရှင်တွေက ကျောက်သား ဖွဲ့စည်းပုံ၊ ဖြစ်ပေါ်ပုံ၊
သက်တမ်းတွေကိုး စတင် လေ့လာခြင်းကနေ စတင်ခဲ့ပါတယ်။
အနှီ ပုဂ္ဂိုလ်ကြီးတွေက လူတွေ ပထမ ခန့်မှန်း ထင်မြင်ထားတဲ့ သက်တမ်းထက် ကမ္ဘာမြေဟာ
ပိုမိုရှေးကျကြောင်း ဖော်ထုတ်ဖို့ ကြိုးပမ်းအားထုပ်ခဲ့ကြပါတယ်။ ဖောင်းထုဖို့ဆို သူများထက်
ပိုအားထုပ်ရတဲ့ သဘောပေါ့။
လက်ရှိ နည်းပညာများအကူအညီ တွေဖြစ်တဲ့
ကာဘွန်သက်တမ်း (carbon dating) စတာတွေနဲ့ ကျောက်တွေရဲ့ သက်တမ်းကို ပိုပြီးတိတိကျကျ
ဖော်ထုတ်နိုင်နေပြီ ဖြစ်ပါတယ်။ ရှေးရှေးတုန်းကတော့
ရုပ်ကြွင်းတွေပါတဲ့ ကျောက် အကူအညီနဲ့ပဲ သက်တမ်း ခန့်မှန်းနိုင်ပါတယ်။ အပြန်အလှန်အားဖြင့်
ရုပ်ကြွင်းပါဝင်တဲ့ကျောက်ရဲ့ သက်တမ်းက အဲ့ဒီ သက်ရှိတွေ ဖြစ်ပေါ်သေဆုံးချိန်အဖြစ် သတ်မှတ်နိုင်ပါတယ်။
ကျောက်၊ တွင်းထွက်နဲ့ ရုပ်ကြွင်း တွေရဲ့
ဆွဲဆောင်နိုင်ချက်ကတော့ တာရှည်ခံမှုဖြစ်ပြီး၊ တခြားအချက် တွေလည်းရှိပါတယ်။ ကျောက်နဲ့
တွင်းထွက်တွေဟာ ကမ္ဘာ့သမိုင်းကြောင်းကို ပြောပြနေတဲ့ စာအုပ်တွေ ဖြစ်ပါတယ်။ ကျောက်နဲ့
တွင်းထွက်တွေဟာ ညှို့ဓါတ်ပြင်းပြင်းနဲ့လည်း ဆွဲဆောင်နိုင် ပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်း
တခုကို ကို့လက်နဲ့ ကိုင်တွယ်ကြည့်ရှုခွင့်ရရှိခြင်းဟာ တန်ဖိုးကြီး ကမ္ဘာ့အမွေအနှစ်
တစ်ခုကို လက်တွေ့ကိုင်တွယ်ခွင့်ရခြင်း လည်းဖြစ်ပါတယ်။
အခု ဆောင်းပါးကို ကမ္ဘာ့သမိုင်း စာမျက်နှာနဲ့
ကျောက်၊ တွင်းထွက်၊ ရုပ်ကြွင်း သဘာဝ ပြတိုက် တွေဆီကို လေ့လာရေးခရီးစဉ်အဖြစ် ခေါ်ဆောင်သွားမည့်
ဂိုက်တဦးဟု ထင်မြင် ယူဆစေလိုပါသည်။ (ဒါက ဖောတာ)
၅။
အပိုင်း (၁)
၅.၁။
ကျောက် နှင့် တွင်းထွက်များ
ကျောက် နဲ့ တွင်းထွက် တွေဟာ လှပပါတယ်။
တစ်ခါတရံ ထူးခြားတဲ့ အသွင်အပြင်၊ လှပတဲ့ ရှုခင်းတွေကို ကျွန်တော်တို့ ပါတ်ဝန်းကျင်
မှာဖြစ်ပေါ်စေပါတယ်။ ကမ္ဘာကို အိမ်တစ်လုံး
လို့ယူဆရင် ကျောက်တွေဟာ အုပ်ခဲ ဖြစ်ပြီး၊ တွင်းထွက်တွကတော့
ဘိလပ်မြေ၊ အိမ်သုပ်ဆေးတွေပဲ ဖြစ်ပါတယ်။ ကမ္ဘာ့သက်တမ်းလိုပဲ ကျောက်တွေရဲ့ သက်တမ်းက လွန်ခဲ့တဲ့
နှစ်ပေါင်း ၄ ဘီလျံခွဲခန့်က စတင်ဖြစ်ပေါ်ခဲ့တယ်။
အခုဆောင်းပါးမှာ ကျောက်နဲ့ တွင်းထွက်တွေ စတင်ဖြစ်ပေါ်ခဲ့တဲ့ အချိန်ကို ပြန်လည် စောင်းငဲ့ကြည့်ချင်း
ဖြစ်ပါတယ်။
၅.၂။
ကျောက်နှင့် တွင်းထွက်များ မိတ်ဆက်
၁၉
ရာစုနှစ်ခန့်က ကျောက်နှင့် တွင်းထွက်များ စုဆောင်းခြင်းအား ကျော်ကြားသော စကော့တလန်
ကဗျာဆရာ Sir Walter Scott (1771 - 1832) ဖွဲ့ဆိုခဲ့သည်မှာ
"Some
rin uphill and down dale,
knapping'
the chucky stones to pieces like sa' many roadmakers run daft. they say it is
to see how the warld was made!"
(အဓိပ္ပာယ်ကတော့ဗျာ၊
ကျွန်တော်လည်းမသိဘူး )
“သူတို့
တောင်ပေါ်တက်လိုက် တောင်အောက်ဆင်းလိုက်နဲ့၊ ကျောက်ဆစ်သမားတွေလို ကျောက်တုံးတွေကို ထုချေနေတယ်။
သူတို့ အပြောကတော့ ကမ္ဘာကြီးကိုဘယ်လို လုပ်ထားသလဲ ကြည့်ဖို့”
ယနေ့ခေတ်မှာတော့
လူပေါင်းများစွာက ကျောက်နဲ့ တွင်းထွက်တွေကို တခြားမတူညီတဲ့ ရည်ရွယ်ချက်တွေနဲ့ ရှာဖွေနေကြပါတယ်။
သဲနဲ့
ကျောက်စရစ်ခဲတွေ ပေါတဲ့ ကမ်းခြေ ဒါမှမဟုတ် စမ်းချောင်း တခုခုကို သွားကြည့်လိုက်ပါ။
ကျောက်တုံးပေါ်မှာ ကျောက်တုံးတွေ အဆင့်ဆင့် ဖြစ်နေတာ တွေ့ပါလိမ့်မယ်။ သေချာမကြည့်ရင်တော့
အရောင် မှိုင်းမှိုင်းနဲ့ ကျောက်ခဲတွေကလွဲရင် ဘာမှ ထူးခြားမှာ မဟုတ်ပါဘူး။ ဒါပေမယ့်
သေချာကြည့်မယ်ဆိုရင် မတူတဲ့ အရောင်နဲ့ ကျောက်သားတွေကို တွေ့ပါလိမ့်မယ်။ တချို့က ခရင်မ်
အရောင်၊ တချို့က အညိုရောင်။ သေချာမကြည့်ရင်တော့ ကျောက်တုံးက ကျောက်တုံးပဲပေါ့။ သို့သော်
အတွေ့အကြုံရှိတဲ့ ဘူမိဗေဒသမားတယောက်အတွက်တော့ ကျောက်တုံးတတုံးချင်းစီတိုင်းက သူတို့ဖြစ်ပေါ်လာတဲ့
မတူညီတဲ့ ပုံပြင်တွေကို ပြောပြနေပါလိမ့်မယ်။
ခရင်မ်ဖျော့ရောင်
ကျောက်တုံးက ထုံးကျောက် ဖြစ်နိုင်သလို။ မှန်ဘီလူးနဲ့ သေချာကြည့်မယ်ဆိုရင် တောက်ပ သေးငယ်တဲ့
အစေ့ငယ်လေးတွေနဲ့ ဖွဲ့စည်းထားတာကို တွေ့ရမယ်။ အစေ့လေးတွေက ကယ်ဆိုက်တွေ၊ သူတို့က အပူပိုင်း
သမုဒ္ဒရာမှာ အနည်ကျဖြစ်လာတာ။ လွန်ခဲ့တဲ့ နှစ်သန်းရာပေါင်းများစွာတုန်းကပေါ့။ သေချာထပ်ရှာမယ်ဆိုရင်
အဲ့ဒီအချိန်က သမုဒ္ဒရာမှာကူးခပ်နေခဲ့ကြတဲ့ ပင်လယ်ပျော် ရုပ်ကြွင်းအကောင်ငယ်လေးတွေကို
ကံကောင်းထောက်မရင် တွေ့ချင်တွေ့ရနိုင်သေးတယ်။ အညိုရောင်ကျောက်တုံးလေးက သူဟာ မီးသင့်ကျောက်
ဖြစ်ကြောင်း ပြောပြနေမယ်။ မှန်ဘီလူး တစ်ခုနဲ့ သူပြောတာနားထောင်ကြည့်မယ်ဆိုရင် တွင်းထွက်အမျိုးမျိုးက
စကားထပ်ပြောလိမ့်မယ်။ အနက်ရောင် လချေးအချပ်ငယ်လေးတွေ၊ သလင်းအစေ့ငယ်လေးတွေ၊ အဝါရောင်
ဖယ်စပါလေးတွေက လွန်ခဲ့တဲ့ နှစ်သန်းပေါင်းမျာစွာက ကမ္ဘာ့အတွင်းပိုင်းကနေ သူတို့ ထွက်လာခဲ့ရတယ်
ဆိုတဲ့အကြောင်းတွေပေါ့။ အစင်းကြောင်းလေးတွေဖြစ်နေတဲ့ ကျောက်တုံးလေးကတော့ တမျိုးဆိုသဗျ။
သူဟာ သျှစ်ကျောက် ဖြစ်တယ်ဆိုတဲ့အကြောင်း၊ ကမ္ဘာ့မြေထုချပ်လှုပ်ရှားမှုတွေကြောင့် ကျပ်ညပ်ပြီး
အသွင်ပြောင်း ဖိနှိပ်ခံရတယ်ဆိုတဲ့အကကြောင်းတွေရောပေါ့။ မှန်ဘီလူးနဲ့ သေချာကြည့်မယ်ဆိုရင်
အနီရောင်အစက် အပျောက်လေးတွေ တွေ့ကောင်းတွေ့ရမယ်။ ကျွမ်းကျင်တဲ့ ပညာရှင် တယောက်ဆိုရင်တော့
ဒါဟာ ဉဒေါင်လား၊ ပတ္တမြားလား ခွဲခြားနိုင်မှာပါ။ ( ပတ္တမြား မဟုတ်ဖို့တော့ များပါတယ်)
ကမ်းခြေ၊
မြစ်စုံကို ရောက်ဖူးတဲ့သူတွေ ကျောက်တုံး သုံး လေး တုံးကို အိမ်သယ်လာတာတွေ့ဖူးမှာပေါ့။
ဘူမိဗေဒသမားတွေ ကျောက် ခဲတွေစုစုထားတာ အပြစ်တော့ မဆိုစေချင်ဘူးဗျ။ ကျောက်အများစုဟာ
သူတို့ရဲ့ လှပမှုနဲ့ ရှားပါးမှုအတွက် ရှာဖွေစုဆောင်း တန်ဖိုးထားခြင်း ခံရပါတယ်။ လူသိများတဲ့
ပတ္တမြား၊ စိန်တို့သာမက၊ တန်ဖိုးနည်းတဲ့ ကျောက်ဂွမ်း၊ သလင်းအထိ လှပရှားပါးတဲ့ အတွက်
အနည်းဆုံးတော့ တွေ့တဲ့သူက ကောက်လာတာပါပဲ။ ကျောက်နဲ့ တွင်းထွက်အများစုဟာ ကျွန်တော်တို့နေ့စဉ်ဘဝမှာ
အသုံးကျတဲ့ သတ္တုနဲ့ အဆောက်အဦးဆောက်လုပ်ဖို့ ပစ္စည်းတွေကို ထုပ်လုပ်နိုင်ပါတယ်။ တန်ဖိုးနည်းပြီး
လှပခြင်း မရှိတဲ့ ကျောက်ခဲ တလုံးဟာလည်း သူဖြစ်ပေါ်ခဲ့တဲ့ ပုံပြင်ကိုတော့ ပြောစွမ်းနိုင်ပါတယ်။
၅.၃။ သက်တမ်းအလိုက်
ကျောက်များဖြစ်ပေါ်မှု
လူသားသမိုင်းမှာ
ကျောက်ခဲ တွေက အရေးပါသော အခန်းကဏ္ဌမှ ပါဝင် ကပြခဲ့ပါတယ်။ ကျောက်ခေတ်က လူသားတယောက်ဟာ၊
ကျောက်ခဲကို ချွန်ထက်တဲ့ လက်နက်တခုအဖြစ် အသုံးပြုချင် ပြုခဲ့မယ်။ လွန်ခဲ့တဲ့နှစ် ၂
သန်းလောက်က ဖြစ်ရင်ဖြစ်မှာပေါ့။ မီးခတ်ကျောက်ဟာ အသွားနှစ်ဖက် ပါတဲ့ ပုဆိန် ဖြစ်ရင်လည်း
ဖြစ်နေလိမ့်မယ်။ ဒါကြောင့်လည်း ကျောက်ခေတ်လူသားလို့ ခေါ်ဝေါ်ခဲ့ကြတယ်မဟုတ်လား။ မီးခတ်ကျောက်ကောင်းကောင်း
ရှာဖွေဖို့ လက်တွေ့ကျတဲ့ ဘူမိဗေဒပညာ အခြေခံရှိဖို့လိုပါတယ်။ ကျောက်ခေတ်လူသားတွေက ရှေးအကျဆုံး
ဘူမိဗေဒပညာရှင်တွေလို့ဆိုလည်း မှားမယ်မထင်ပါဘူး။ ဒီနေ့ခေတ်မှာ လူနည်းစုလောက်ပဲ မီးခတ်ကျောက်
ကို ခွဲခြားနိုင်ပေမယ့်၊ ကျောက်ခေတ်မှာတော့ လူတိုင်းနီးပါး မီးခတ်ကျောက်ကို ရှာဖွေနိုင်တဲ့
အရည်အချင်းရှိနေမှာပါ။
ရွှေနဲ့
ကြေး ကို လွန်ခဲ့တဲ့ နှစ် တစ်သောင်းလောက်က စပြီးအသုံးပြုခဲ့ပါတယ်။ သဘာဝအတိုင်း ဖြစ်ပေါ်တဲ့
တွင်းထွက်တွေ အဖြစ်ပေါ့။ သူတို့ရဲ့ ထင်ရှားတဲ့ အရောင်က ရှာဖွေတွေ့ရှိဖို့ လွယ်ကူစေပါတယ်။
ဘူမိဗေဒနဲ့ ပါတ်သတ်တဲ့ ဗဟုသုတရှိသူအတွက်တော့ ရှာတွေ့ဖို့ ပိုလွယ်ကူစေပါတယ်။ ကြေးခေတ်ကတော့
လွန်ခဲ့တဲ့ နှစ် ၅၀၀၀ လောက်ကမှ စတင်ခဲ့ပါတယ်။ ကြေးကို သတ္တုအဖြစ် စပြီး အသုံးပြုခဲ့တာပေါ့။
အီဂျစ်တွေ အင်ပါယာ စတင်ချိန်ဟာလည်း ကြေးခေတ်မှာပဲ ဖြစ်ပါတယ်။ ခဲမဖြူရိုင်း
(cassiterite) တိုင်းမှာ ခဲ (Tin) ပါဝင်ပေမယ့်၊ ခဲသီးသန့် ခွဲထုပ်နိုင်တဲ့ နည်းပညာလိုအပ်ပါတယ်။
ခဲမဖြူရိုင်း တချို့ကို မြစ်ကျောက်စရစ်ခဲတွေထဲမှာ တွေ့နိုင်ပါတယ်။ အထူးသဖြင့် အနည်ကျကျောက်နဲ့
မီးသင့်ကျောက် (granites) ဖြစ်ပေါ်မှုထိစုံချက် နီးတဲ့ နေရာတွေလောက်မှာပဲ ဖြစ်ပါတယ်။
ခဲမဖြူရိုင်းအချို့ကို မြေအောက်မှာရှိတဲ့ အကြောသိုက်တွေကနေ တူးဖောက် ထုပ်ယူပါတယ်။ ကွန်ဝယ်နဲ့
Austrian Tyrol မှာ လေ့လာနိုင်ပါတယ်။ ထပ်ပြောရမယ်ဆိုရင် မူလသိုက်ကို ရှာတွေ့ဖို့ ကျောက်နဲ့
တွင်းထွက်တွေနဲ့ ပါတ်သတ်တဲ့ ဗဟုသုတတွေလိုပါတယ်။ လွန်ခဲ့တဲ့ နှစ် ၄၀၀၀ လောက်ကစပြီးတော့၊
သတ္တုတူးဖော်ရေးသမားတွေဟာ သတ္တုတူးဖော်ရေးမှာ ဘူမိဗေဒနဲ့ ပါတ်သတ်တဲ့ ဗဟုသုတတွေ ပိုမို
ကြွယ်ဝလာကြပါတယ်။ တွင်းထွက် (minerals) ဆိုတဲ့
အမည်ဟာ သတ္တုတူးဖော်သူ (miners) တွေကနေဆင်းသက်လာတယ်ဆိုတာ တိုက်ဆိုင်မှုတခုမဟုတ်ပါဘူး။
၁၅၀၀ ပြည့်နှစ်မှာ ဂျာမန် သတ္တုတွင်း အင်ဂျင်နီယာ Georgius Agricola က ဘူမိဗေဒနဲ့ ပါတ်သတ်လို့
ပထမဆုံး စာအုပ်ဖြစ်တဲ့ De Re Metallica (သတ္တုအကြောင်း) ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့ပါတယ်။
၅.၄.။ ကျောက်မုဆိုး
ဘူမိဗေဒဟာ သိပ္ပံပညာရပ်အဖြစ် ၁၈ ရာစုနောက်ပိုင်းမှ
ပေါ်ထွက်ခဲ့ပါတယ်။ စကော့လူမျိုး ဘူမိဗေဒပညာရှင် James Hutton (1726 - 97) စတင်မိတ်ဆက်ခဲ့
တာဖြစ်ပါတယ်။ Hutton တို့ ခေတ်မှာ လူအများစုယုံကြည်တာ ကမ္ဘာမြေသက်တမ်းသည် နှစ်ထောင်ဂဏန်းခန့်လောက်ပဲ
ယူဆကြတယ်။ ဟူတန် က ဒါ့ထက်ပိုမယ်လို့ ယုံကြည်တယ်။ အမှန်တကယ်တော့ နှစ် ပေါင်း ၄.၅ ဘီလျံခံထဲက
စတင်ခဲ့ခြင်းဖြစ်ပါတယ်။ မျက်မှောက်လောကမှာ ဖြစ်ပေါ်နေတဲ့ မြေပြင်အခြေအနေများ ဟာ ဖြည်းဖြည်းခြင်း
ပုံဖော်လာခဲ့ခြင်းဖြစ်သည်။ ဟူတန် က မြစ်၊ ချောင်း တွေထဲက ကျောက်များ တိုက်စားကာ ပင်လယ်ပြင်တွင်
ပို့ချခြင်းဖြင့် အနည်ကျကျောက်များ ဖြစ်ပေါ်လာပုံကို သရုပ်ပြခဲ့တယ်။ ကမ္ဘာ့အပူချိန်သည်လည်း
ကျောက်များအား အသွင်ပြောင်းနိုင်ကြောင်း ဟူတန် တွေးဆခဲ့တယ်။ မြင့်တက်ခြင်း၊ ညှစ်ထုပ်ခြင်း
အားဖြင့် တောင်တန်းများကို ဖြစ်ပေါ်စေတယ်။ ဒါကြောင့် ကမ္ဘာသည် မရေတွက်နိုင်သော ကျောက်သံသရာစက်ဝန်းများအားဖြင့်
ပုံစံ မျိုးစုံဖြစ်ပေါ်နေသည်။ သံသရာစက်ဝန်း အသစ် ဖြစ်ပေါ်မှုများအား လွှာစဉ်ဆက်ပြတ်
(unconformity) များဖြင့် အနားသတ်ထားသည်။ ဟူတန်၏ ကြိုးစားအားထုပ် ရှေ့ဆောင်မှုကြောင့်
နောက်ထပ်ဘူမိဗေဒပညာရှင်များ ပေါ်ထွက်လာခဲ့သည်။ ဘူမိဗေဒပညာရပ်သည် တောစီးဖိနပ်၊ တူ၊ နမူနာယူရန်
အိပ်ဖြင့် လူစွန့်စားအသွင်ကိုဆောင်သောကြောင့်
ယောင်္ကျားကောင်းများအဖြစ် ရှေးယခင်က
သတ်မှတ်ခဲ့သည်။ ယင်းတို့ထဲတွင် ချားဒါဝင်လည်း ပါဝင်ခဲ့သည်။ ဘူမိဗေဒသမိုင်းကြေင်းနှင့်
လူသားဆင့်ကဲ ဖြစ်စဉ် သီအိုရီကို ဖော်ထုတ်ခဲ့သည်။ ကျောက်နှင့် တွင်းထွက် အများစုအား
နမူနာစုဆောင်းသူ Victorian မှ အမည်နာမများ သတ်မှတ်ခဲ့သည်။ ဘူမိဗေဒဖြစ်စဉ်နှင့် ပါတ်သတ်သည့်
ဗဟုသုတများသည် ရှေးခေတ်မှ စတင်ကာ တဖြည်းဖြည်း စုဆောင်းခဲ့ကြခြင်းဖြစ်သည်။ ဘူမိဗေဒအထူးပြု
ပညာရှင်တစ်ဦးအတွက် ပိုမိုများပြားသော ကွင်းသုံး ပစ္စည်းများလိုအပ်သည်။ သို့သော် အပျော်တမ်း
လေ့လာလိုက်စားသူ တယောက်အနေဖြင့် တူတချောင်းနှင့် မျက်စိလျှင်လျှင်ရှိပါက ရှားပါး လှပသော
ကျောက်နမူနာများအား ရှာဖွေစုဆောင်းနိုင်ပါသည်။
ကျောက်နှင့်
တွင်းထွက်များအား နားလည်သဘောပေါက်ခြင်း
တောင်
တလုံးပေါ်တက်ပြီး ရှုခင်းကို ကြည့်လိုက်ပါ။ တောင်တန်း၊ ချိုင့်ဝှမ်း၊ သစ်တော၊ ကွင်းပြင်၊
မြစ်နဲ့ ပင်လယ်တွေပါ မြင်ရပါလိမ့်မယ်။
ဒီမြင်ကွင်းက
ထာဝရ တည်ရှိနေသယောင် ထင်ပါလိမ့်မည်။ သို့သော် ယင်းသည် ကမ္ဘာ့သမိုင်း၏ အလွန်နုနယ်သော
အစိတ်အပိုင်း တခုသာဖြစ်ပါသည်။ ကွင်းပြင်များသည် ထောင်စုနှစ်အနည်းငယ်အတွင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
သစ်တောများသည် လွန်ခဲ့သော နှစ် ရာစုအနည်းငယ်အတွင်း ဖြစ်ခဲ့နိုင်သည်။ တောင်ကုန်းနှင့်
ချိုင့်ဝှမ်းများသည်လည်း နှစ်သောင်းဂဏန်းခန့်လောက်က ဖြစ်လာခဲ့နိုင်သည်။ ကမ္ဘာ့မြေမျက်နှာသွင်ပြင်၊
ကျောက်နှင့် တွင်းထွက်များသည် လွန်ခဲ့သော နှစ် ၄.၅ ဘီလျံခန့် သမိုင်းကြောင်းရှိပါသည်။
ဘူမိဗေဒသဘောတရားများအရ ယနေ့မြင်တွေ့နေရသော ရှုခင်းများသည် တချိန်တွင် ပျက်သုဉ်း ပြောင်းလဲသွားရမည်သာ
ဖြစ်ပါသည်။ ဘူမိဗေဒပညာရှင်များသည် လွန်ခဲ့သော နှစ် ၂၀၀ ခန့်က စတင်ကာ ပြောင်းလဲနေသော
ကမ္ဘာမြေ သဘောတရားများအား သိရှိခဲ့ကြသည်။ သက်တမ်းမည်မှ ကြာခဲ့ပြီ၊ ရေ၊ ငလျှင်၊ မီးတောင်များမှ
မည်သို့ ပုံစံပြောင်းပေးနေသည် ကို စတင်သိရှိခဲ့ကြသည်။ တနေရာတွင် တိုက်စားကာ နောက်နေရာတွင်
ပို့ချခြင်း။ ကြီးမားသော ကမ္ဘာ့မြေထုချပ်ကြီး အခု ၂၀ နှင့်အထက်သည် ဖြည်းညှင်းစွာ ရွေ့လျားမှုဖြင့်
ကမ္ဘာအားပုံပြောင်း ဖြစ်ပေါ်နေခြင်းကို လွန်ခဲ့သော နှစ်ရာစု ဝက်ခန့်မှ စတင်ကာ သိရှိခဲ့ကြသည်။
ယင်းမြေထုချပ်ကြီးများ၏ ရွေ့လျားနှုန်းမှာ သာမန်မျက်စိဖြင့် မသိရှိနိုင်လောက်အောင်
ညင်သာပါသည်။ လက်သည်းရှည်နှုန်းထက်ကို နှေးပါသည်။ သို့သော် ဘူမိသက်တမ်းကာလ အပိုင်းအခြား
တစ်ခုသို့ရောက်ရှိပါက၊ မြေထုချပ်ကြီးတခုလုံးအား ရွေ့လျားစေနိုင်သော အားတခုကို ဖြစ်ပေါ်စေနိုင်ပါသည်။
မြေထုချပ်သီအိုရီ
ကြောင့် ဘူမိဗေဒပညာရှင်များသည် ကျောက်သံသရာကို နားလည်သိရှိခဲ့ကြသည်။ တောင်များဖြစ်ပေါ်ခြင်းနှင့်
တွန့်ခေါက်ခြင်းကိုလည်း သိရှိခဲ့ပါသည်။ မီးတောင်များ အဘယ့်ကြောင့် ပေါက်ကွဲခြင်း၊ ငလျှင်များဖြစ်ပေါ်ခြင်း
စသည်တို့ကိုပါ သိနားလည်ခဲ့ကြသည်။
ကမ္ဘာ့အတွင်းပိုင်း
ခြေစုံရပ်နေသော
မြေကမ္ဘာသည် အစိုင်အခဲတစ်ခုဟု ယူဆကြပါမည်။ သို့သော် ရှာဖွေတွေ့ရှိချက်များအရ ယင်းအတွင်းပိုင်းသည်
တွေးဆထားနိုင်သမျှထက် အလွန် လှုပ်ရှား၊ ပေါက်ကွဲ၊ ရုန်းကန်မှုများနှင့် ပြည့်နှက်နေသော နေရာဖြစ်ပါသည်။ ပါးလွှာသော ကမ္ဘာ့အပေါ်လွှာ
(crust) သည်ပင်လျှင် ပွက်ပွက်ဆူကာ အပေါ်ကျောတင်းနေသည့် ထောပ် ခပ်ပစ်ပစ် တခွက် ပုံသဏ္ဌာန်သာ ရှိပါသည်။
လွန်ခဲ့သော
ရာစုနှစ်ခန့်က သိပ္ပံပညာရှင်များ စိတ်ကူးပုံဖော်ထားသော ကမ္ဘာ့အတွင်းပိုင်းပုံစံသည်
ရိုးရှင်းသည်။ ကြက်ဉပုံစံအတိုင်း စိတ်ကူးခဲ့သည်။ ကြက်ဉအခွံသည် ကမ္ဘာ့အပေါ်ယံလွှာ
(crsut)။ ယင်းအောက် ကီလိုမီတာရာဂဏန်းခန့်တွင် ကြားလွှာ (mantel) တွင် ပူပြီး၊ ပျော့သော
ကျောက်များရှိမည်။ ယင်းအောက် ကီလိုမီတာ ၂၀၀၀ - ၃၀၀၀ ခန့်တွင် အနှစ်ခန်း (core) သည်
သံနှင့် နီကယ်ရည်များဖြင့် ဖွဲ့စည်းထားမည်။ ကမ္ဘာ့အတွင်းပိုင်း၏ အခွံလွှာသည် နေအပူချိန်ကဲ့သောမြင့်မားသည့် အရည်ဖြစ်သည်။ အတွင်းဆုံးလွှာ အထဲပိုင်းသည် မြင့်မားသော
ဖိအားရှိသည့် အစိုင်အခဲ တခုဖြစ်သည်။
သိပ်သည်းဆသည်
ကမ္ဘာဖွဲ့စည်းဖြစ်ပေါ်ခြင်း၏ သော့ချက်ဖြစ်သည်။ သီအိုရီများအရ ကမ္ဘာမြေ သက်တမ်းနုစဉ်အခါက
ပူပြင်းပြီး၊ တဝက် တပျက် အရည်ပျော်နေသော အစိုင်အခဲ အစုအဝေးတခုဖြစ်သည်။ သံကဲ့သို့သော
သိပ်သည်းဆများသည် ဒြပ်စင်များသည် ကမ္ဘာ့အတွင်းကျဆုံးအပိုင်းတွင်
သွားရောက်စုဝေးသည်။ ပေါ့ပါးသော ဒြပ်များဖြစ်သည် အောက်ဆီဂျင်နှင့် ဆီလီကွန်များသည် မျက်နှာပြင်ပေါ်သို့တက်လာသည်။
ဘီယာအမြုပ်တက်ခြင်းကဲ့သို့ ဖြစ်သည်။ ဖြည်းဖြည်းချင်း ပို၍မာသည့် ကမ္ဘာ့အပေါ်ခွံလွှာ
အဖြစ် ဖြစ်ပေါ်လာခဲ့သည်။
ယူရေနီယမ်
ကဲ့သို့ လေးသော ဒြပ်များသည် ယင်းတို့၏ သိပ်သည်းဆ၊ အောက်ဆိုဒ် ဖြစ်ပေါ်ရန် အောက်ဆီဂျင်နှင့်
ပေါင်းစပ်မှု၊ စီလီကွန်နှင့် ပေါင်းစပ်ကာ စီလီကိတ်များ အဖြစ် ဖြစ်ပေါ်ကာ ကမ္ဘာ့အပေါ်ခွံလွှာတွင်
ဖြစ်ပေါ်လာသည်။ ယင်းကဲ့သို့ ဖြစ်ပေါ်ခြင်းကို ဒြပ်နီးစပ်ခြင်း Lithophiles ဟုခေါ်သည်။
ပိုတက်စီယမ် ပါဝင်သော စီလီကိတ် တွင်းထွက်များတွင် တွေ့ရများသည်။ ဆာလဖာကြွယ်ဝသည့် သွပ်နှင့် ခဲ ကဲ့သို့သော တွင်းထွက်များ အချင်းချင်း
ပေါင်းစပ်ကာ ဆာလဖာမှ ဆာလဖိုက် အဖြစ်သို့ ဖြစ်ပေါ်ခြင်းအား chalcophile) ဟုခေါ်သည်။
ဖြန့်ထွက်ကာ၊ ကမ္ဘာ့အပေါ်ခွံလွှာတွင် ပေါင်းစည်းဖြစ်ပေါ်သည်။
parts 1 တူးပီ ကိုတင်ညွန့်
(၃၁) မျက်နှာ
ဖိုင်ဆိုဒ် (၅.၂၁) MB
ဒါက မာတိကာ မဒေါင်းခင်ဖတ်ကြည့်ပေါ့၊ လိုရင်လည်းဒေါင်း မလိုလည်း မဒေါင်းနဲ့
၁။ နိဒါန်း ၁
၂။ အသုံးဝင်ပုံ ၂
၄။ သံအမျိုးအစားများ ၃
၅။ သံပါဝင်သော တွင်းထွက် သတ္တုရိုင်းများ ၃
၅.၁။ မဂ္ဂနက်တိုက် (magnetite) ၄
၅.၂ ။ တိုက်တန်နိုမဂ္ဂနက်တိုက် ၇
၅.၃။ ဟီမတိုက် (Hematite) ၇
၅.၃.၁။ စပယ်ကူလာသံ (specualr iron ore) ၈
၅.၃.၂။ လချေးဟီမတိုက် ၈
၅.၃.၃။ ရက်ဒယ် (reddle) ၉
၅.၃.၄။ မာတိုက် (martite) ၉
၅.၃.၅။ တာဂိုက် (turgite) ၉
၅.၄။ သဘာဝသံ Fe (native iron) ၁၁
၅.၅။ ဂိုးသိုက် (Goethite) ၁၂
၅.၆။ လီမိုနိုက် (limonite) ၁၂
၅.၇။ ဆိုက်ဒရိုက် (siderite) ၁၅
၅.၈။ ပိုင်ရိုက် ၁၈
၅.၉။ ပိုင်ရိုတိုက် ၁၉
၆။ သံကျောက်ရှာဖွေခြင်း ၂၀
၆.၁။ စကန်း (skarns) သိုက်အဖြစ် ဖြစ်ပေါ်ခြင်း ၂၁
၆.၂။ အနည်ကျကျောက်များတွင် ဖြစ်ပေါ်ခြင်း ၂၁
၆.၃။ စရစ်ဖြုန်းကျောက်လွှာများတွင် ဖြစ်ပေါ်ခြင်း ၂၂
၆.၄။ ဆာပန်တင်းကျောက်များတွင် ဖြစ်ပေါ်ခြင်း ၂၂
၆.၅။ မြေမျက်နှာသွင်ပြင်အနေအထား ၂၂
၆.၆။ သံလိုက်အိမ်မြှောင်အကူအညီဖြင့် ရှာဖွေခြင်း ၂၃
၇။ မြန်မာနိုင်ငံမှ သံရိုင်းသိုက်များ ၂၄
၇.၁။ တွင်းငယ်သိုက် ၂၅
၇.၂။ မန်မက်ကလောင်သိုက် ၂၅
၇.၃။ မန်ပက်သိုက် ၂၆
၇.၄။ ကွန်ခါသိုက် ၂၆
၇.၅ ။ ဝက်ဝံဒေသရှိသိုက်များ ၂၆
၇.၅.၁။ ပေါက်တော ၂၆
၇.၅.၂။ ဘော်လှိုင်သိုက် ၂၆
၇.၅.၃။ ညောင်သခေါသိုက် ၂၇
၇.၆။ ကျားတွင်းရေသိုက် ၂၇
၇.၇။ အင်းယားသိုက် ၂၇
၇.၈။ တောင်ပိုင်းရှမ်းပြည်နယ် ၂၈
၇.၈.၁။ ပင်းပက်သိုက် ၂၈
၇.၈.၂။ ကောလွိုင်လော ၂၈
၇.၉ ။မြစ်ကြီးနားနယ် ၂၉
၇.၉.၁။ ထော်ဂေါဒေသ ၂၉
၇.၉.၂။ ကာမိုင်းဒေသ ၂၉
၇.၉.၃။ ပူတာအိုဒေသ ၂၉
၇.၉.၄။ နောင်မွန်း ၃၀
၇.၁၀။ မြင်းခြံနယ် ၃၀
၇.၁၁။ အောက်ချင်းတွင်းဒေသ ၃၀
၇.၁၂။ ပြည်ဒေသ ၃၀
၇.၁၃။ တောင်ငူနယ် ၃၀
၇.၁၄။ သထုံနယ် ၃၀
၇.၁၅။ ကျိုက္ခမီနယ် ၃၀
၇.၁၆။ ထားဝယ်နယ် ၃၁
၇.၁၇။ မြိတ်နယ် ၃၁
၇.၁၇.၁။ ခိုကျွန်း ၃၁
၇.၁၇.၂။ မာပူတဲကျွန်း ၃၁
၇.၁၇.၃။ ကုလားကျွန်း ၃၁
၇.၁၇.၄။ သာရဘွင် ၃၁
၇.၁၈။ ကျောက်ဖြူ - ရခိုင်ပြည်နယ် ၃၁
၇.၁၉။ ပုသိမ်နယ် ၃၁
၇.၂၀။ ပုပ္ပားတောင် ၃၁