Friday, January 12, 2018

မာဆင့်နှင့် မိုးစကေး





မာဆင့်နှင့် မိုးစကေး
ဘူမိသမားများအတွက် မာဆင့်ဆိုသည်မှာ အဆင်းရာ (ဝါ) ခြစ်ရာကို ဆိုလိုခြင်းဖြစ်သည်၊ ကျောက်၏ ပွတ်တိုက်ခြင်းကို ခံနိုင်ရည်ရှိမှုကို ဆိုလိုခြင်းဖြစ်သည်။ မာဆင့်တိုင်းတာရန် ရှင်းလင်းနားလည် လွယ်သည့်နည်းမှာ ဂျာမန် သတ္တုပညာရှင် ဖရိုက်ရစ်မိုး (၁၈၁၂) ရှာဖွေဖော်ထုတ်ခဲ့သည့် မိုးစကေး နည်းလမ်းဖြစ်သည်။ မာဆင့် (၁၀) မျိုးရှိသည့် စံတွင်းထွက် (၁၀) မျိုးအားရွေးထုတ်ကာ ယင်းတို့အား ပျော့ရာမှ မာရာသို့ အဆင်လိုက် စီထားခြင်းဖြစ်သည်။ အပျော့ဆုံးတွင်းထွက် ကံကူဆန် (talc)  အား (၁) အဖြစ် သတ်မှတ်ထားသည်။ အမာဆုံးတွင်းထွက်မှာ စိန်ဖြစ်ပြီး မာဆင့် (၁၀) အဖြစ်သတ်မှတ်သည်။ အမာဆုံး တွင်းထွက်ဖြစ်သည်။ မာဆင့်မြင့်သော တွင်းထွက်ဖြင့်၊ မာဆင့်နိမ့်သော တွင်းထွက်အား ခြစ်ကြည့်လျှင် အဆင်းရာ ပေါ်သည်။ မြင့်လျှင် အဆင်းရာမထင်။
            မာဆင့်စမ်းသပ်နိုင်သည့် ကိရိယာအား ဝယ်ယူနိုင်ပါသည်။ (Amigo တွင် ဝယ်နိုင်သည် ဤကားစကားချပ်)။ ဝယ်ယူရန်မလွယ်ကူပါက နေ့စဉ်အသုံးပြုနေသော ပစ္စည်းများကို အသုံးပြုကာ ပြုလုပ်နိုင်ပါသည်။
            မာဆင့်စမ်းသပ်ရန်အတွက် လက်သည်းခွံဖြင့် ခြစ်ကြည့်ပါ။ အစင်းရာမထင်လျှင် မာဆင့်ပိုမြင့်သော အြွေကစေ့ဖြင့် ခြစ်ကြည့်ပါ။ အစင်းရာထင်လျှင် မာဆင့် (၂) နှင့်အောက်ရှိသည်ဟု သတ်မှတ်သည်။ အြွေကစေ့ဖြင့် အစင်းရာမထင်လျှင် ပိုမသော အရာများဖြင့် အဆင့်ဆင့်စမ်းသပ်ကာ မာဆင့်ကို သိနိုင်သည်။

Ref: minerals, rocks & fossils of the world by John Farndon & Steve Parker Page (50)

No comments:

Post a Comment