Wednesday, May 2, 2018

eCognition Developer 9.01

Download Link
File size (132) MB
Ecognition ကဘာတွေသုံးလို့ရလဲဆိုတော့ သုံးလို့ရတာတော့အများကြီးပဲဗျ။
ကျွန်တော်လည်း အကုန်တော့မသုံးဖူးဘူး။ Satellite Image တွေသုံးပြီး Object base classification လုပ်တဲ့နေရာတွေမှာတော့ သုံးလို့ကောင်းတယ်။
ဥပမာဗျာ။ အလုပ်ကဘောစိက သူရထားတဲ့မြေဧကထဲမှာ ဒေသခံတွေစိုက်ထားတဲ့ စိုက်ခင်းတွေဧက ဘယ်လောက်ရှိလဲသိချင်တယ်။
တစ်ကွက်ချင်းစီ polygon လေးနဲ့လိုက်ပတ် အကွနံပါတ်ပေး။ ဧကလေးရေးမှတ်ထားပြီးမှ အားလုံးပေါင်းလိုက်။ ကျန်တာ စိုက်ဖို့ကျန်တာ အဲ့လိုက်တွက်လို့မရဘူးလားဆိုတော့ ရတယ်။
ဒါပေမယ့် ကိုတွေလို ငပျင်းတစ်ကောင်အတွက် အဲ့ဒါအချိန်အတော်ကုန်တာကလား။
ဆိုတော့ Register လုပ်ထားတဲ့ Google Earth ပုံလေးကို Ecognition ဆော့ဝဲထဲမှာ Assign class  တွေခွဲပြီး။ class ခွဲခိုင်းလိုက်တယ်။
Shape file နဲ့ export လုပ်ပြီး ArcGIS ထဲမှာ Attributes ကြည့်လိုက်ရုံနဲ့ ငရုပ် ဘယ်နှခင်း။ သခွားက ဘယ်နှ ဧက စသဖြင့် ခပ်တည်တည်နဲ့ ရွီးလို့ရတာပ။
နောက် ပြည်ကြီးက ပေါက်ဖော်တစ်ယောက် Regional map ကို Ecognition နဲ့လုပ်ထားတဲ့ သိဇစ် တစ်ခုဖတ်ရဖူးတယ်ဗျ။ အဲ့ထိတော့ မကလိဖူးသေးဘူး နောက်တော့စမ်းကြည့်ရဦးမယ်။
Tutorial တွေကတော့ Youtube မှာပုံလို့ဗျ။ အဆင်ပြေသလိုသာ ရှာကြည့်ကြဗျာ။ easy ပါ။