Wednesday, August 30, 2017

Using GPS & Plotting on Map

ဒီဖိုင်မှာတော့ ကျွန်တော်တို့ ဓမ္မ မိတ်ဆွေတွေ GPS မှာ setting ချိန်တာ၊ coordinate system (UTM) Myanmar Datum ချိန်းတာနဲ့ ပွိုင့်ကို မြေပုံပေါ်မှာ plot လုပ်တာကို အကြမ်းလုပ်ပြထားတာပါ။ သိပ်ခက်ခက်ခဲခဲ မဟုတ်တဲ့အတွက် တော်တော်များများလည်း သိပြီးသားပါ။ gps စသုံးမယ့် သူတွေအတွက် ရည်ရွယ်ပါတယ်။ မြေပုံအမျိုးအစားကတော့ UTM map အမျိုးအစားပါ။ GPS ကတော့ GPS map 78s (Garmin) နဲ့သုံးပြထားပါတယ်။ Movie ဖိုင်ကို youtube ကနေဒေါင်းလို့ရသလို media fire လင့်ကနေလည်း ဒေါင်းလို့ရပါတယ်။ ဖိုင်ဆိုဒ်ကတာ့ (၁၂၀) mb လောက်ရှိသဗျ Download Link





Saturday, June 24, 2017

Tracing geological map with AutoCAD

Geological map တစ်ခုကို AutoCAD နဲ့ Tracing လုပ်ပြထားတာပါ။ ဘာမှမခက်ပါဘူးဗျာ။ ငယ်ငယ်တုန်းက စက္ကူထပ်ပြီး ပုံလိုက်ဆွဲသလောက် လွယ်ပါတယ်။ ဒီပုံမှာတော့ UTM မြေပုံနဲ့ စကေးဖြစ်တဲ့အတွက် units မှာ မီတာ နဲ့ဆွဲတယ်ပေါ့။ One inch ပုံတွေဆိုရင် ယူနစ်မှာ ကိုက် (Yards) နဲ့ဆွဲပေါ့။ သဘောတရားကတော့ တူတူပါဘဲ။ ဒီ tutorial လေးတွေလိုက်လုပ်ကြည့်မယ်ဆိုရင် အခြေခံ သဘောလောက်တော့ တီးမိ ခေါက်မိဖြစ်ပါလိမ့်မယ်။ ကျွမ်းကျင်ဖို့ ဆိုရင် ဆက်လေ့လာပါ။ ထပ်လေ့လာသင့်တဲ့ စာအုပ်ကို ဒီပို့စ်ရဲ့ နောက်ဆုံးမှာ လင့်ပေးထားပါတယ်။ လောလောဆယ်တော့ ဒီ ကျူတိုရီရယ်မှာ သုံးရမဲ့ UTM မြေပုံကို ဒီလင့်  မှာဒေါင်းပါ။ regional map ကို ဒီလင့်  မှာဒေါင်းပါ။ လိုအပ်တဲ့ ဆော့ဝဲကတော့ autoCAD ပါ ၂၀၀၅ အထက်ဆို အိုကေပါတယ်။ ဆော့ဝဲကတော့ နီးစပ်ရာ ဆိုင်မှာသာ ၀ယ်ဗျာ။ ကျန်တာကတော့ အင်စတော လုပ်တာကစလို့ အတတ်နိုင်ဆုံး တစ်ဆင့်ချင်းစီ တော့လုပ်ပြထားပါတယ်။ ပြည့်စုံတယ်တော့ ဘယ်ဟုတ်မလဲဗျနော်။ youtube က video ဖိုင်တွေဒေါင်းချင်ရင် youtube စာလုံးရှေ့မှာ ss နှစ်လုံး ထည့်ရိုက်လိုက်ရင် ဒေါင်းလို့ရတဲ့ လင့်တစ်ခုရှိတဲ့နေရာကိုရောက်သွားလိမ့်မယ် အဲ့မှာမှ ကိုလိုချင်တဲ့ resolution ကိုရွေးပြီးဒေါင်းပါ။ ဥပမာ- video ဖိုင်လင့်ကိုဖွင့်လိုက်  https://www.youtube.com/watch?v=2_-IyZtjzBE ဘာညာကွိကွဗျာ။ အဲ့မှာမှာ https://www.ssyoutube.com/watch?v=2_-IyZtjzBE ဆိုပြီး youtube ရှေ့မှာ ss နှစ်လုံးထည့်လိုက် video ဒေါင်းလို့ရတဲ့ နေရာရောက်သွားလိမ့်မယ်။ ဒါက ကွန်ပြူတာနဲ့ ဒေါင်းတာ။ ဖုန်းနဲ့ဘယ်လို ဒေါင်းလဲတော့ ကျွန်တော်လည်းမသိဘူး။ စမတ်ဖုန်းလည်းမရှိဘူး။
၁။ Installing AutoCAD 


Thursday, June 15, 2017

Did you know that ?



ဒါတွေ ကိုယ့်ဆရာသိရဲ့လား? မသိတော့ ဘာဖြစ်လဲ မေးရင် ဘာမှ မဖြစ်ပါဘူး။ သိတော့ တောင်ပြော မြောက်ပြော လျှောက်ပြောလို့ရတာပေါ့ဗျာ။



၁။ အကာသယဉ်မှုးတွေ လကမ္ဘာကနေ ပြန်လာပြီးတဲ့အချိန်မှာ၊ သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တဲ့အချက်တွေထဲက တစ်ချက်ကတော့ လကမ္ဘာမှာ တွေ့ရတဲ့ ကျောက်အမျိုးအစားအများစုဟာ ကမ္ဘာမြေပေါ်က ချော်ကျောက် (baslat) အမျိုးအစားတွေဖြစ်ပါတယ်။

Tuesday, May 30, 2017

AutoCAD Basic

AutoCAD ဆော့ဝဲ install လုပ်တာ၊ setting ချိန်တာနဲ့ UTM မြေပုံတစ်ခုကို unit ချိန်ပြီး actual location အတိုင်း  insert လုပ်တာ စတာတွေကို အာချောင်ထားတဲ့ video ဖိုင် (၁၀) ဖိုင်ပါ။ နောက်ပိုင်း regional geology map တစ်ခုကို tracing လုပ်တာလည်း တင်ပေးဖို့ရှိပါတယ်။ လောလောဆယ် ပြီးသလောက်တင်ပေးလိုက်တာပါ။

Monday, May 29, 2017

Surfer 11 Installation

Golden Surfer 11 software install လုပ်တာနဲ့ license key ထည့်တာကိုလုပ်ပြထားတဲ့ capture video ဖိုင်လေးပါ။ ဆော့ဝဲ မရှိသေးရင် ဒီလင့် မှာဒေါင်းနိုင်ပါတယ်။
Android ဖုန်းမှာ install လုပ်လို့ရတဲ့ ဒဂုံဘူမိ Apk ဖိုင်ကို ဒီလင့်ကနေတစ်ဆင့် ၀င်ရောက်ဒေါင်းယူနိုင်ပါတယ်။   

Sunday, May 28, 2017

Gold ရွှေ


မျက်နှာဖုံးမြင်ပြီးလန့်သွားသလား ကိုငြိမ်းမောင် မလန့်ပါနဲ့ ငွင်းငွင်း ဗမာ လိုရေးထားတာပါ။
ဖိုင်ဆိုဒ်က 1M တောင်မပြည့်ပါဘူး။ မျက်နှာဖုံးနဲ့ မာတိကာ ထည့်ရေမှ စာမျက်နှာ (၃၀) ပဲရှိပါတယ်။