Tuesday, December 27, 2016

Land Desktop Cross section

ဒါကတော့ Cross section လုပ်နည်း နောက်တစ်နည်းပေါ့ဗျာ။ သင်တန်းတက်တုန်းက အဲ့နည်း သင်မပေးလိုက်ဘူးဗျ။ အလုပ်ထဲကျမှ ကိုစိုင်းဇော်လင်းနိုင်ပြတဲ့နည်းပေါ့။ ဒီနည်းက ပထမနည်းနဲ့မတူတဲ့အချက်ကတော့ နည်းနည်းမြန်တယ်။ နောက် အားနည်းချက်အနေနဲ့ကတော့ section label တွေမပါဘူးပေါ့ဗျာ။ အသံတော့မပါဘူး၊ ရှေ့ကလုပ်တာကြည့်ပြီး လိုက်လုပ်ရင်တောင် အိုကေပါတယ်။ Movie ဖိုင်ကို ဒေါင်းချင်ရင် အောက်ကလင့်ကနေလည်း ဒေါင်းနိုင်ပါတယ်။ ဖိုင်ဆိုဒ်က (9.49) MB လောက်တော့ရှိသဗျ။
Video ဖိုင် - Download Link
Project ဟာ Surface ဖွဲ့တာဘာညာကွိကွတွေလုပ်ပြီးသားဖြစ်ဖို့လိုပါတယ်။ အဲ့ဒါတွေမသိသေးရင်
၁။ Cross section ဖြတ်ချင်တဲ့နေရာကို Line command နဲ့လိုင်းတွေဆွဲပါ။

Thursday, December 22, 2016

Safety Rules For Prospector

Safety Rules For Prospector (မြန်မာဗားရှင်း)
By Khin zaw hein
Total page (17)
File size (263.9) KB
Download Link
ဒီစာအုပ်ကတော့ Prospecting for minerals စာအုပ်ထဲက Safety rules for prospector အခန်းကစာအများစု၊ တစ်ခြား Mountainering နဲ့ Outdoor camping စာအုပ်၊ စာစောင်တွထဲက Field Geologist တစ်ယောက်အတွက်  ဆောင်ရန်၊ ရှောင်ရန်တွေကို
ကောင်းနိုးရာရာတွေ ပြန်လည်စုစည်း ရေးသားထားတာပါ။

Android ဖုန်းမှာ install လုပ်လို့ရတဲ့ ဒဂုံဘူမိ Apk ဖိုင်ကို ဒီလင့်ကနေတစ်ဆင့် ၀င်ရောက်ဒေါင်းယူနိုင်ပါတယ်။  

Tuesday, December 13, 2016

GPS တွင် မြေပုံအတွက် Setting ထည့်ခြင်း

ကျွန်တော်တို့  မြန်မာနိုင်ငံမှာ အဓိက မြေပုံအမျိုးအစားနှစ်ခုရှိတယ်ပေါ့ဗျာ။
ပထမတစ်မျိုးက One Inch (၀ါ) Lambert လို့ခေါ်တဲ့ တစ်လက်မတစ်မိုင်စကေး မြေပုံအမျိုးအစားနဲ့ နောက်တစ်မျိုးက UTM မြေပုံအမျိုးအစားတွေဖြစ်ပါတယ်။ ဒီပို့စ်မှာတော့ မြေပုံနဲ့ တွဲသုံးတဲ့အခါ GPS မှာ Setting တွေ ဘယ်လိုထားမလဲဆိုတာပဲအဓိက ပြောကြတာပေါ့ဗျာ။
၁။ One Inch (or) Lambert

အတွက် မြန်မာနိုင်ငံကို အောက်ပုံမှာပြထားတဲ့အတိုင်း ဇုံသုံးခုခွဲထားပါတယ်။ မြန်မာနိုင်ငံအပေါ်ပိုင်းက IIB၊ အလယ်ပိုင်းက IIIB နဲ့ အောက်ပိုင်းကို IVB အဲ့လိုခွဲထားတယ်ဗျ။