Saturday, June 24, 2017

Tracing geological map with AutoCAD

Geological map တစ်ခုကို AutoCAD နဲ့ Tracing လုပ်ပြထားတာပါ။ ဘာမှမခက်ပါဘူးဗျာ။ ငယ်ငယ်တုန်းက စက္ကူထပ်ပြီး ပုံလိုက်ဆွဲသလောက် လွယ်ပါတယ်။ ဒီပုံမှာတော့ UTM မြေပုံနဲ့ စကေးဖြစ်တဲ့အတွက် units မှာ မီတာ နဲ့ဆွဲတယ်ပေါ့။ One inch ပုံတွေဆိုရင် ယူနစ်မှာ ကိုက် (Yards) နဲ့ဆွဲပေါ့။ သဘောတရားကတော့ တူတူပါဘဲ။ ဒီ tutorial လေးတွေလိုက်လုပ်ကြည့်မယ်ဆိုရင် အခြေခံ သဘောလောက်တော့ တီးမိ ခေါက်မိဖြစ်ပါလိမ့်မယ်။ ကျွမ်းကျင်ဖို့ ဆိုရင် ဆက်လေ့လာပါ။ ထပ်လေ့လာသင့်တဲ့ စာအုပ်ကို ဒီပို့စ်ရဲ့ နောက်ဆုံးမှာ လင့်ပေးထားပါတယ်။ လောလောဆယ်တော့ ဒီ ကျူတိုရီရယ်မှာ သုံးရမဲ့ UTM မြေပုံကို ဒီလင့်  မှာဒေါင်းပါ။ regional map ကို ဒီလင့်  မှာဒေါင်းပါ။ လိုအပ်တဲ့ ဆော့ဝဲကတော့ autoCAD ပါ ၂၀၀၅ အထက်ဆို အိုကေပါတယ်။ ဆော့ဝဲကတော့ နီးစပ်ရာ ဆိုင်မှာသာ ၀ယ်ဗျာ။ ကျန်တာကတော့ အင်စတော လုပ်တာကစလို့ အတတ်နိုင်ဆုံး တစ်ဆင့်ချင်းစီ တော့လုပ်ပြထားပါတယ်။ ပြည့်စုံတယ်တော့ ဘယ်ဟုတ်မလဲဗျနော်။ youtube က video ဖိုင်တွေဒေါင်းချင်ရင် youtube စာလုံးရှေ့မှာ ss နှစ်လုံး ထည့်ရိုက်လိုက်ရင် ဒေါင်းလို့ရတဲ့ လင့်တစ်ခုရှိတဲ့နေရာကိုရောက်သွားလိမ့်မယ် အဲ့မှာမှ ကိုလိုချင်တဲ့ resolution ကိုရွေးပြီးဒေါင်းပါ။ ဥပမာ- video ဖိုင်လင့်ကိုဖွင့်လိုက်  https://www.youtube.com/watch?v=2_-IyZtjzBE ဘာညာကွိကွဗျာ။ အဲ့မှာမှာ https://www.ssyoutube.com/watch?v=2_-IyZtjzBE ဆိုပြီး youtube ရှေ့မှာ ss နှစ်လုံးထည့်လိုက် video ဒေါင်းလို့ရတဲ့ နေရာရောက်သွားလိမ့်မယ်။ ဒါက ကွန်ပြူတာနဲ့ ဒေါင်းတာ။ ဖုန်းနဲ့ဘယ်လို ဒေါင်းလဲတော့ ကျွန်တော်လည်းမသိဘူး။ စမတ်ဖုန်းလည်းမရှိဘူး။
၁။ Installing AutoCAD 


Thursday, June 15, 2017

Did you know that ?



ဒါတွေ ကိုယ့်ဆရာသိရဲ့လား? မသိတော့ ဘာဖြစ်လဲ မေးရင် ဘာမှ မဖြစ်ပါဘူး။ သိတော့ တောင်ပြော မြောက်ပြော လျှောက်ပြောလို့ရတာပေါ့ဗျာ။



၁။ အကာသယဉ်မှုးတွေ လကမ္ဘာကနေ ပြန်လာပြီးတဲ့အချိန်မှာ၊ သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တဲ့အချက်တွေထဲက တစ်ချက်ကတော့ လကမ္ဘာမှာ တွေ့ရတဲ့ ကျောက်အမျိုးအစားအများစုဟာ ကမ္ဘာမြေပေါ်က ချော်ကျောက် (baslat) အမျိုးအစားတွေဖြစ်ပါတယ်။