Thursday, November 21, 2013

Using Dropbox for Contributor

အရင်ဆုံး ဒီလင့် မှာ Dropbox.exe ဖိုင်ကိုဒေါင်းပြီး account ဆာက်လိုက်ပါ။ အဲဒါကတော့ သိပ်မခက်သလို တ်ာတော်များများမှာလည်း Account ရှိတဲ့အတွက် အသေးစိတ်မပြောတော့ပါဘူး။ အခုက တင်နည်းအကြောင်းပဲ နည်းနည်းဆွေးနွေးကြတာပေါ့ဗျာ။
- Dropbox က connection မကောင်းလည်း ဖိုင်တင်လို့ရပါတယ်။ ဥပမာ 50 MB ဖိုင်တစ်ခုကို Upload လုပ်တယ်ဆိုပါတော့ သူငယ်ချင်းက ဒီနေ့ internet သုံးတဲ့အချိန်မှာ Dropbox က 20MB ပဲပြီးတယ်။ အဲဒီအချိန်မှာ internet connection ကိုပိတ်လိုက်တယ်ဆိုပါစို့။ ကျန်တဲ့ 30MB ကိုနောက်နေ့မှာ ထပ်ပြီးတင်တယ်။ User ကဘာမှလုပ်ဖို့မလိုဘူး။ Wifi ဖွင့်ပေးထားရုံပဲ။

- တစ်ချို့သူတွေက Browser မှာ Dropbox ကိုဝင်ပြီးတင်တယ်အဲလိုတင်ရင်တော့မရဘူး။ ကျွန်တော်တို့ သိထားတဲ့နည်းက Browser ကိုမဖွင့်ပဲနဲ့တင်တဲ့နည်းပါ။

- ဖိုင်တစ်ခုကို တင်မယ်ဆိုရင် ပုံ(၁) မှာပြထားတဲ့အတိုင်း၊ ကျွန်တော်တို့ Dropbox ကို install လုပ်လိုက်ပြီ ဆိုတာနဲ့၊ ကျွန်တော်တို့ Computer ရဲ့ Favourites အောက်မှာ Dropbox ဖိုဒါလေး(ပုံ(၁)1)ကိုသူက အလိုအလျောက် ပေါ်လာပါတယ်။ ကျွန်တော်တို့တင်ချင်တဲ့ဖိုင်ကို ကွန်ပြူတာထဲကနေ Copy ကူးပြီး၊ Dropbox ဖိုဒါထဲမှာ Paste လုပ်လိုက်ရုံပါဘဲ။ အဲဒီအခါ ဖိုင်ရဲ့ ဘယ်ဘက်ခြမ်းမှာ ပုံ(၁)2 မှာပြထားသလို အပြာရောင် အ၀ိုင်းလေးပေါ်နေပါတယ်။ ဖိုင်တင်ပြီးသွားပြီဆိုရင်တော့ အဲဒီအပြာရောင်အ၀ိုင်းလေးက အစိမ်းရောင် အမှန်ခြစ်လေး(ပုံ(၁)3) အဖြစ်ပြောင်းသွားပါတယ်။

 
ဒါဆိုရင်ဖိုင်ကို share လုပ်လို့ရပါပြီ။
တင်ထားပြီးသား ဖိုင်တစ်ခုကို share ချင်တယ်ဆိုရင် Browser ကိုဖွင့်၊ Dropbox account ကိုဝင်ပြီး တင်ထားတဲ့ဖိုင်ကို Share နိုင်ပါတယ်။

- ကျွန်တော်တို့တင်ထားတဲ့ဖိုင်တွေပြီးစီးမှု အခြေအနေကိုလည်း Taskbar ပေါ်က dropbox icon လေးပေါ်မှာ mouse pointer လေးကိုတင်ကြည့်လိုက်တာနဲ့ Upload လုပ်တာဘယ်နှစ်ဖိုင် ရာခိုင်နှုန်းဘယ်လောက်ပြီးတယ်၊ ဒေါင်းထားတာလည်း ဘယ်နှဖိုင် ရာခိုင်နှုန်း ဘယ်လောက် ဆိုတာကို ပြပေးပါတယ်။ Dropbox အကောင့်ရှိတဲ့သူက အခြားတစ်ယောက် Dropbox နဲ့တင်တဲ့ဖိုင်ကို တစ်ခါဒေါင်းပြီး Fail ဖြစ်သွားရင် သူ့ဟာသူ အလိုအလျောက် မပြီးမချင်း ဒေါင်းပေးပါတယ်။ အဲဒါကိုလည်း Taskbar ပေါ်ကdropbox icon လေးပေါ်မှာ ပုံ(၂) Mouse pointer တင်ကြည့် ရုံနဲ့ ပြ ပေးပါတယ်။ ဒေါင်းပြီးသားဖိုင်ကို ပုံ (၁) Favourites အောက်က dropbox ဖိုဒါထဲမှာ အလို အလျာက် သွားထားပေးပါတယ်။
 အဆင်ပြေကြပါစေ။

No comments:

Post a Comment