Tuesday, June 17, 2014

AutoCAD 2010

AutoCAD 2010
Command Reference
Total page (2458)
File size (8.12) MB
ဒီစာအုပ်က AutoCAD 2010 ကို install လုပ်ပြီးရင် စက်ထဲမှာ သူ့အလိုလျှောက် ပါလာတဲ့စာအုပ်ပါ။
c:\program file\AutoCAD<Version> ထဲမှာ *.pdf ဆိုပြီး
ရှာကြည့်ရင် AutoCAD က default ထည့်ပေးထားတဲ့ PDF ဖိုင်တွေ 
ထွက်လာပါလိမ့်မယ်။ မယုံရင်ရှာကြည့်ပါ။
ကျွန်တော် AutoCAD ကို လေ့လာတဲ့ပုံစံကို 
နည်းနည်းလောက် ပြောချင်ပါတယ်။ 
တခြားသူတွေနဲ့တော့ တူချင်မှတူပါလိမ့်မယ်။
ပိုက်ဆံမတတ်နိုင်လို့ သူများတွေလို
သင်တန်းတွေဘာတွေမတတ်နိုင်ဘူးပေါ့ဗျာ။
အဲဒီတော့ တော်တော်များများကို စာအုပ်တွေကနေပဲ လေ့လာပါတယ်။
AutoCAD ဒီ command စာအုပ်ကိုဖြည်းဖြည်းချင်းဖတ်ကြည့်ပြီး
Computer နဲ့စမ်းကြည့်ပါ။ ပြီးရင် notebook စာအုပ်တစ်အုပ်မှာ Command နာမည်ကို 
တန်းစီပြီးရေးထားပါ။ အားလပ်တဲ့အချိန်၊ ကွန်ပြူတာကို မသုံးတဲ့အချိန်မှာ
Command ကိုကြည့်ပြီး စိတ်ထဲမှာပုံဆွဲကြည့်လို့ရရင် Command ကိုရသွားပြီပေါ့နော်။
နောက်တစ်ဆင့်ကတော့ မြေပုံတစ်ခုခုကို စိတ်ကူးထဲမှာ ကိုသိပြီးသား Command တွေနဲ့ဆွဲကြည့်ပါ။
ပြီးရင် computer နဲ့စမ်းဆွဲကြည့်ပါ။
ကျွန်တော်တော့် အဲလိုနည်းနဲ့ AutoCAD ကိုစမ်းသပ်လာတာပါ။ 
ကို့ဆရာတို့အဆင်ပြေပြီးသားနည်းရှိရင်လည်း 
ကျွန်တော့်နည်းလမ်းကို ဘာကြောင့်သုံးမလဲနော်။ မသုံးနဲပေါ့။
အဆင်မပြေသေးဘူးဆိုရင်တော့ စမ်းကြည့်နိုင်ပါတယ်။
AutoCAD က ကျွန်တော့်အမြင်တော့ command များများရလေကောင်းလေပါဘဲ။
မြေပုံတစ်ခုကိုဆွဲရင် Command အခု ၂၀ လောက်ကိုပဲအဓိကသုံးသွားတာပါ။
ဒါပေမယ့်ဖြစ်လာမယ့် error ဘာညာ၊ တွေကိုရှင်းနိုင်ဖို့ဆိုရင် အခု ၂၀၀ လောက်
ကြိုတင်လေ့လာထားမှအဆင်ပြေပါတယ်။
သူငယ်ချင်းတစ်ယောက်ကပြောတယ်ဗျ။ AutoCAD ကခက်တယ်တဲ့။
ကျွန်တော်လည်းပြန်ဖြေလိုက်ပါတယ်။ AutoCAD ကမခက်ပါဘူး၊ မသိတာကခက်တာပါ။

No comments:

Post a Comment