Tuesday, December 13, 2016

GPS တြင္ ေျမပုံအတြက္ Setting ထည့္ျခင္း

ကၽြန္ေတာ္တို႔  ျမန္မာႏုိင္ငံမွာ အဓိက ေျမပုံအမ်ဳိးအစားႏွစ္ခုရွိတယ္ေပါ့ဗ်ာ။
ပထမတစ္မ်ဳိးက One Inch (၀ါ) Lambert လို႔ေခၚတဲ့ တစ္လက္မတစ္မိုင္စေကး ေျမပုံအမ်ုိးအစားနဲ႔ ေနာက္တစ္မ်ဳိးက UTM ေျမပုံအမ်ဳိးအစားေတြျဖစ္ပါတယ္။ ဒီပို႔စ္မွာေတာ့ ေျမပုံနဲ႔ တြဲသုံးတဲ့အခါ GPS မွာ Setting ေတြ ဘယ္လိုထားမလဲဆုိတာပဲအဓိက ေျပာၾကတာေပါ့ဗ်ာ။
၁။ One Inch (or) Lambert

အတြက္ ျမန္မာႏိုင္ငံကို ေအာက္ပုံမွာျပထားတဲ့အတိုင္း ဇုံသုံးခုခြဲထားပါတယ္။ ျမန္မာႏိုင္ငံအေပၚပိုင္းက IIB၊ အလယ္ပိုင္းက IIIB နဲ႔ ေအာက္ပိုင္းကို IVB အဲ့လိုခြဲထားတယ္ဗ်။

 ပုံမွာျပထားတဲ့အတုိင္း မုံရြာၿမိဳ႕ရဲ႕အထက္ဘက္ 22°30' ရဲ႕အေပၚဘက္ဟာ IIB
22°30' နဲ႔ 15°30' ရဲ႕ၾကားဟာ IIIB
15°30' မိနစ္ရဲ႕ေအာက္ ေရးၿမိဳ႕ရဲ႕ ေအာက္ဘက္ျခမ္းေရာင္သြားရင္ IVB လို႔သတ္မွတ္ပါတယ္။
ဆိုေတာ့ GPS ကိုအသုံးျပဳမယ့္သူဟာ ဘယ္ေနရာမွာသုံးမွာလဲဆိုတဲ့အေပၚမူတည္ၿပီး One inch အတြက္ Grid Zone ကိုေရြးခ်ယ္ေပးဖို႔လိုပါတယ္။



ေနာက္ ၉၆° လိုင္းရဲ႕ အေရွ႕ဘက္ျခမ္းဆိုရင္ India Thailand Datum နဲ႔ အေနာက္ဘက္ကို India Bangladesh Datum ကိုသုံးပါတယ္။ ပုံမွာျပထားတဲ့အတိုင္း ကၽြန္ေတာ့္ GPS ကေတာ့ 78s ျဖစ္တဲ့အတြက္၊ အဲ့ထဲက setting ေတြကို ခ်ိန္ျပပါမယ္။ GPS တစ္လုံးနဲ႔ တစ္လုံး နည္းနည္းပဲ ကြာပါတယ္။


Setup မွာ သြားခ်ိန္ရပါမယ္။ ရန္ကုန္အတြက္
Position Format - India Zone IIIB
Map Datum - Indian Thailand
Map Spheroid - Everest
ထားပါတယ္။

GPS ကေပးတဲ့ဂဏန္း ၇ လုံးကို 0.9144 နဲ႔စားမွ One inch ေျမပုံေပၚမွာ တင္လို႔ရပါတယ္။

၂။ UTM ေျမပုံကိုသုံးမယ္ဆိုရင္
Position Format - User Grid
Map Datum - User
Map Spheroid - User Spheroid
ထားပါတယ္။

၂.၁။ Position Format အတြက္
User Grid > UTM ေအာက္မွာ
False Easting - +500000.0 m
False Northing - 0.0 m
Scale - +0.9996 
Longitude origin - E99°00"00'
Latitude origin - N0°00"00'
ကိုထားပါတယ္။ Longitude Origin ဟာ ပုံေသမရွိပါဘူး။ ေျမပုံ တစ္ခ်ပ္နဲ႔ တစ္ခ်ပ္၊ ဇုံ တစ္ခုနဲ႔ တစ္ခု ကြာပါတယ္။ Longitude Origin ကိုသိခ်င္ရင္ ပုံမွာျပထားတဲ့အတိုင္း UTM map ရဲ႕ ေအာက္ေျခမွာၾကည့္ရပါတယ္။

၂.၂။ Map Datum - User မွာထားၿပီး
Dx = +246.632 m
Dy = +784.833 m
Dz = +276.923 m ေတြ႐ိုက္ထည့္ပါ။

၂.၃။ Map Spheroid မွာ
DA = 860.655 
DF = +0.00002836136879


မိမိကြင္းဆင္းရာ ေဒသက location point check လုပ္လို႔ရမယ့္  typical point တစ္ခုခု ဥပမာေစတီလိုေနရာမ်ဳိးမွာ ပြိဳင့္မွတ္ၿပီး ေျမပုံေပၚတင္ၾကည့္ပါ။  မရွင္းတာရွိရင္ email ပို႔လိုက္ပါ။

အဆင္ေျပၾကပါေစဗ်ာ
ခင္ေဇာ္ဟိန္း

ကျွန်တော်တို့  မြန်မာနိုင်ငံမှာ အဓိက မြေပုံအမျိုးအစားနှစ်ခုရှိတယ်ပေါ့ဗျာ။
ပထမတစ်မျိုးက One Inch (ဝါ) Lambert လို့ခေါ်တဲ့ တစ်လက်မတစ်မိုင်စကေး မြေပုံအမျိုးအစားနဲ့ နောက်တစ်မျိုးက UTM မြေပုံအမျိုးအစားတွေဖြစ်ပါတယ်။
ဒီပို့စ်မှာတော့ မြေပုံနဲ့ တွဲသုံးတဲ့အခါ GPS မှာ Setting တွေ ဘယ်လိုထားမလဲဆိုတာပဲအဓိက ပြောကြတာပေါ့ဗျာ။

၁။ One Inch (or) Lambertအတွက် မြန်မာနိုင်ငံကို အောက်ပုံမှာပြထားတဲ့အတိုင်း ဇုံသုံးခုခွဲထားပါတယ်။ မြန်မာနိုင်ငံအပေါ်ပိုင်းက IIB၊ အလယ်ပိုင်းက IIIB နဲ့ အောက်ပိုင်းကို IVB အဲ့လိုခွဲထားတယ်ဗျ။


ပုံမှာပြထားတဲ့အတိုင်း မုံရွာမြို့ရဲ့အထက်ဘက် 22°30' ရဲ့အပေါ်ဘက်ဟာ IIB
22°30' နဲ့ 15°30' ရဲ့ကြားဟာ IIIB
15°30' မိနစ်ရဲ့အောက် ရေးမြို့ရဲ့ အောက်ဘက်ခြမ်းရောင်သွားရင် IVB လို့သတ်မှတ်ပါတယ်။
ဆိုတော့ GPS ကိုအသုံးပြုမယ့်သူဟာ ဘယ်နေရာမှာသုံးမှာလဲဆိုတဲ့အပေါ်မူတည်ပြီး One inch အတွက် Grid Zone ကိုရွေးချယ်ပေးဖို့လိုပါတယ်။နောက် ၉၆° လိုင်းရဲ့ အရှေ့ဘက်ခြမ်းဆိုရင် India Thailand Datum နဲ့ အနောက်ဘက်ကို India Bangladesh Datum ကိုသုံးပါတယ်။


 ပုံမှာပြထားတဲ့အတိုင်း ကျွန်တော့် GPS ကတော့ 78s ဖြစ်တဲ့အတွက်၊ အဲ့ထဲက setting တွေကို ချိန်ပြပါမယ်။ GPS တစ်လုံးနဲ့ တစ်လုံး နည်းနည်းပဲ ကွာပါတယ်။


Setup မှာ သွားချိန်ရပါမယ်။
ရန်ကုန်အတွက်
Position Format - India Zone IIIB
Map Datum - Indian Thailand
Map Spheroid - Everest ထားပါတယ်။


GPS ကပေးတဲ့ဂဏန်း ၇ လုံးကို 0.9144 နဲ့စားမှ One inch မြေပုံပေါ်မှာ တင်လို့ရပါတယ်။

၂။ UTM မြေပုံကိုသုံးမယ်ဆိုရင်
Position Format - User Grid
Map Datum - User
Map Spheroid - User Spheroid
ထားပါတယ်။

၂.၁။ Position Format အတွက်
User Grid > UTM အောက်မှာ
False Easting - +500000.0 m
False Northing - 0.0 m
Scale - +0.9996
Longitude origin - E99°00"00'
Latitude origin - N0°00"00'ကိုထားပါတယ်။

Longitude Origin ဟာ ပုံသေမရှိပါဘူး။ မြေပုံ တစ်ချပ်နဲ့ တစ်ချပ်၊ ဇုံ တစ်ခုနဲ့ တစ်ခု ကွာပါတယ်။ Longitude Origin ကိုသိချင်ရင် ပုံမှာပြထားတဲ့အတိုင်း UTM map ရဲ့ အောက်ခြေမှာကြည့်ရပါတယ်။


၂.၂။ Map Datum - User မှာထားပြီး
Dx = +246.632 m
Dy = +784.833 m
Dz = +276.923 m တွေရိုက်ထည့်ပါ။

၂.၃။ Map Spheroid မှာ
DA = 860.655
DF = +0.00002836136879



မိမိကွင်းဆင်းရာ ဒေသက location point check လုပ်လို့ရမယ့်  typical point တစ်ခုခု ဥပမာစေတီလိုနေရာမျိုးမှာ ပွိုင့်မှတ်ပြီး မြေပုံပေါ်တင်ကြည့်ပါ။  မရှင်းတာရှိရင် email ပို့လိုက်ပါ။
အဆင်ပြေကြပါစေဗျာ
ခင်ဇော်ဟိန်း


No comments:

Post a Comment