Thursday, June 15, 2017

Did you know that ?



ဒါတွေ ကိုယ့်ဆရာသိရဲ့လား? မသိတော့ ဘာဖြစ်လဲ မေးရင် ဘာမှ မဖြစ်ပါဘူး။ သိတော့ တောင်ပြော မြောက်ပြော လျှောက်ပြောလို့ရတာပေါ့ဗျာ။



၁။ အကာသယဉ်မှုးတွေ လကမ္ဘာကနေ ပြန်လာပြီးတဲ့အချိန်မှာ၊ သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တဲ့အချက်တွေထဲက တစ်ချက်ကတော့ လကမ္ဘာမှာ တွေ့ရတဲ့ ကျောက်အမျိုးအစားအများစုဟာ ကမ္ဘာမြေပေါ်က ချော်ကျောက် (baslat) အမျိုးအစားတွေဖြစ်ပါတယ်။


 

၂။ ဒီနေ့ခေတ်မှာတွေ့ရတဲ့ ပယင်းကျောက်ဟာ နှစ်သန်းပေါင်းများစွာက သစ်ပင်တွေက ထွက်တဲ့ သစ်စေးတွေ အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ မာကြောလာခြင်းကြောင့်ဖြစ်ပါတယ်။ တစ်ချို့ပယင်းတွေထဲမှာဆိုရင် အင်းဆက်အကောင်ငယ်လေးတွေ ပိတ်မိနေတာကိုတောင်မှ တွေ့ရနိုင်ပါတယ်။


၃။ ကမ္ဘာ့အတွင်းပိုင်းကို တွင်းတူးပြီးဆင်းသွားမယ်ဆိုရင် အပူချိန်လည်း တဖြည်းဖြည်းတက်လာမှာဖြစ်ပါတယ်။  တောင်အာဖရိကမှာရှိတဲ့ ကမ္ဘာ့အနက်ဆုံးရွှေတွင်းမှာတော့ လေပေးစနစ်တွေ ဖန်တီးထားတဲ့အတွက် လူသားတွေ အေးဆေး လှုပ်ရှားသွားလာနိုင်ပါတယ်။


၎။ အမေရိက၊ Wyoming ပြည်နယ် မှာရှိတဲ့ Devil's Tower ဟာ ချော်ရည် (lava) တွေ၊ မီးတောင်ထဲမှာ အေးခဲရာကနေဖြစ်ပေါ်လာ ခြင်းဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာလာတဲ့အခါ။ အပြင်က ပျော့တဲ့ကျောက်တွေ တိုက်စားချေဖျက်တဲ့ဒဏ်ကိုခံ၊ ကွာကြပြီး။ ချော်ရည် ကနေ ဖြစ်တဲ့ ကျောက်တွေပဲ ထီးထီးချည်း ကျန်ခဲ့တာဖြစ်ပါတယ်။


၅။ ကမ္ဘာ့အပေါ်ခွံလွှာ (crust) ရဲ့ ၇၅% ကို စီလီကွန်၊ အောက်စီဂျင်နဲ့ အခြား တွင်းထွက်အနည်းငယ်ပါဝင်တဲ့ စီလီကိတ် တွေနဲ့ ဖွဲ့စည်းထားပါတယ်။


၆။ အန္တာတိက (Antarctica) တိုက်မှာတွေ့ခဲ့ရတဲ့ အာကာသက ကျလာတဲ့ ဥက္ကာခဲ (meteorites) ဟာ အင်္ဂါဂြိုလ်ကလာတာဖြစ်ပြီး၊ ကျောက်ရုပ်ကြွင်းဖြစ်နေတဲ့ ဘက်တီးရီးယားတွေကို တွေ့ရပါတယ်။




၇။ တစ်ချို့ပင်လယ်ကမ်းခြေတွေက ပျော့တဲ့ကျောက်တွေကို  ပင်လယ်ရေက နှစ်စဉ်တိုက်စား ချေဖျက်ပါတယ်။ အင်္ဂလန်၊ Suffolk၊ Dunwich ရွာမှာဆိုရင် ပင်လယ်ရေတိုက်စားမှုကြောင့် ပြိုကျသွားပြီး ဖြစ်ပေါ်လာတဲ့ ချောက်ကမ်းပါးကိုတွေ့နိုင်ပါတယ်။


၈။ ရေခဲဟာ ကျောက်တွေကို ကွဲကြေစေနိုင်တဲ့ အင်အားရှိပါတယ်။ အမာဆုံးကျောက်ထဲကတစ်ခုဖြစ်တဲ့ နှမ်းဖတ်ကျောက် (Granite) တွေထဲမှာ ရေတိုးပြီး အေးခဲသွားတဲ့အခါ၊ ကျောက်ကို ကွဲကြေသွားစေနိုင်ပါတယ်။ ရေခဲမြစ်တစ်ခုရဲ့ ရွေ့လျှားစီးစင်းမှုဟာ တောင်တစ်လုံးကိုတောင် hollow out ဖြစ်စေနိုင်တဲ့ အားရှိပါတယ်။



၉။ အခုခေတ် အခန့်မသင့်ရင် အဆိပ်သင့်စေနိုင်တယ်လို့ သတ်မှတ်ထားတဲ့ အာဆင်းနစ် (arsenic) ကို ရောမခေတ်က အမျိုးသမီးတွေ အသားဖြူအောင်လိမ်းတဲ့ cosmetic အဖြစ် အသုံးပြုခဲ့ကြပါတယ်။


၁၀။ ခဲတံထဲမှာ ပါတဲ့ ခဲသားဟာ အပျော့ဆုံးတွင်းထွက်တွေထဲက တစ်ခုဖြစ်တဲ့ ဂရက်ဖိုက်(graphite)  ဖြစ်ပါတယ်။  ကြီးမားတဲ့ ဂရက်ဖိုက်ချောင်းကို နူးကလီးယား ဒြပ်ပေါင်းဖို တွေက reactor core မှာ နူးကလီးယားပေါက်ကွဲမှုတွေကို control လုပ်ဖို့အတွက် လည်းသုံးပါတယ်။


၁၁။ မြန်မာလိုကျ မှန်ကျောက်လို့လည်းခေါ်တယ်ဗျ (Obsidain) ပေါ့။ ရှေးခေတ်တုန်းက အဲ့ဒီကျောက်ကို ကြည့်မှန်အဖြစ်သုံးခဲ့ကြပါတယ်။ ဒီကျောက်ကိုခွဲလိုက်ရင် အနားသားတွေက ရှနိုင်တဲ့အတွက် ဖျက်တောက်စရာ cutting tools အဖြစ်လည်းသုံးခဲ့ကြပါတယ်။


၁၂။ ကျောက်တွေဟာ တိုက်စားချေဖျက်မှုဒဏ်တွေကြောင့် အလွန့်အလွန် နှေးတဲ့ စပိနဲ့ ပြောင်းလဲနေပါတယ်။ သဲကျောက်တစ်ခုကို ရေနဲ့ လေက ပေါင်းမိုးပုံသဏ္ဍန်ဖြစ်စေဖို့ တိုက်စားချေဖျက်မှုဟာ နှစ်သန်းပေါင်းများစွာကြာမြင့်ပါတယ်။

ref: Rock & Mineral (DK Eyewitness) 
Android ဖုန်းမှာ install လုပ်လို့ရတဲ့ ဒဂုံဘူမိ Apk ဖိုင်ကို ဒီလင့်ကနေတစ်ဆင့် ၀င်ရောက်ဒေါင်းယူနိုင်ပါတယ်။   

No comments:

Post a Comment