Thursday, July 18, 2019

Lab result for Limestone

(unicode)
ဘိလပ်မြေ ထုပ်ဖို့အတွက်  ထုံးကျောက် နမူနာတွေ ယူကြတယ်။ နမူနာကနေပဲဖြစ်ဖြစ် လွန်နမူနာတွေကနေပဲဖြစ်ဖြစ် ရလာတဲ့ ဟာတွေကို ဓာတ်ခွဲစမ်းသပ်တဲ့အခါ Lab result တွေ ထွက်လာတယ်ပေါ့ဗျ။ CaO၊ SiO2၊ Al2O3၊ Fe2O3၊ MgO၊ Loss စသဖြင့်ပေါ့။  အဲ့မှာမှ ထွက်လာတဲ့ Cao၊ MgO၊ SiO2၊ Fe2O3 ရာခိုင်နှုန်းအနည်းအများတွေကို ကြည့်ပြီး ဘိလပ်မြေ ထုတ်လုပ်ဖို့ သင့်၏ မသင့်၏ ဆုံးဖြတ်ကြတယ်။ ဒီဇယားမှာဆိုရင် နိုင်ငံတကာစံချိန် စံညွှန်း၊ စက်မှု (၁) စံချိန် စံညွှန်း နဲ့
ယေဘုယျ ဆိုပြီး သုံးမျိုးခွဲ ပြထားတယ်။ နိုင်ငံတကာနဲ့ ဂွိျုင်းလုပ်မယ့် report အတွက်ဆိုရင် Cao ရာနှုန်းက ၅၁.၃% ထက်များရမယ်။ MgO ပါဝင်နှုန်းက 0.12% ထက်နည်းရမယ်။ SiO2 ပါဝင်နှုန်းက ၁.၈၂% ထက်နည်းရမယ်။ စသဖြင့်ပေါ့ဗျာ ဇယားကြည့်ရင် ရှင်းသွားပါလိမ့်မယ်။ လိုရမယ်ရ ပုံလေး save ထားလိုက်ပေါ့။



No comments:

Post a Comment