Friday, November 18, 2016
CSV ဖိုင်ရဲ့ location format ကိုပြောင်းမယ်
(ZawGyi) အိုခေး! ဒီနေ့ ကျွန်တော့်အမျိုးတွေကို Myanamr datum UTM location format နဲ့လုပ်ထားတဲ့ CSV ဖိုင်ကို Client ရဲ့တောင်းဆိုချက်ရ Lat/Lon format နဲ့ CSV ပြောင်းပေးရတဲ့ အတွက်အဲ့နည်းလေး   ဖောက်သည်ချ ချင်တယ်ဗျာ။
ပုံမှာပြထားတဲ့အတိုင်း မုံရွာမြို့ရဲ့အထက်ဘက် 22°30' ရဲ့အပေါ်ဘက်ဟာ IIB22°30' နဲ့ 15°30' ရဲ့ကြားဟာ IIIB
ပြီးပါပြီ။ အဆင်ပြေကြပါစေဗျာ။
(Unicode)
အိုခေး! ဒီနေ့ ကျွန်တော့်အမျိုးတွေကို Myanamr datum UTM location format နဲ့လုပ်ထားတဲ့ CSV ဖိုင်ကို Client ရဲ့တောင်းဆိုချက်ရ Lat/Lon format နဲ့ CSV ပြောင်းပေးရတဲ့ အတွက်အဲ့နည်းလေး   ဖောက်သည်ချ ချင်တယ်ဗျာ။
၁။ ဘယ်ဆော့ဝဲသုံးမလဲဆိုတော့ Global mapper ပါ။
၂။ မူလဖိုင် Data input လုပ်ထားတဲ့ စနစ်ကိုသိဖို့အရေးကြီးပါတယ်။ ပထမဆုံး ကိုပြောင်းမယ့် CSV ဖိုင်ကို ဘယ်လို location format နဲ့  input လုပ်ထားလဲသိရပါမယ်။ တစ်ချို့လည်း NEZD(Northing, Easting, Height, Data) format နဲ့လုပ်တယ်။ တစ်ချို့လည်း ENZD (Easting, Northing, Height, Data) format တွေနဲ့ သုံးကြပါတယ်။ ဒါတော်တော် အရေးကြီးပါတယ်။ ကိုယ်တိုင် လုပ်ထားတဲ့ CSV ဖိုင်ကို ပြောင်းရတာ ပြဿ      နာမရှိပေမယ့်။ တစ်ခြားသူ မည်သို့ မည်ပုံ လုပ်ထားမှန်းမသိတဲ့ data တွေကို location format ချိန်းပေးရတဲ့အခါမှာ NEZD လား ENZD လား သေသေချာချာသိဖို့လိုပါတယ်။ ဥပမာ ပြထားတဲ့ပုံမှာ A က အမှတ်စဉ်၊ B က Northing၊ C က EastingD က Elevation နဲ့ E က Data ဖော်ပြချက်ဖြစ်ပါတယ်။
၃။ Global mapper ဆော့ဝဲကိုဖွင့်မယ်။ ပြောင်းမယ့် csv ဖိုင်ကို Drag & Drop ဆွဲထည့်လိုက်ပါ။
၃.၁။ Import Type အောက်မှာ Point Only (All Features are Points) မှာ on ပါ။
၃.၂။ Coordinate Column Order/Format  အောက်မှာ Y/Northing/Latitude Coordinate First ကို on ပါတယ်။ ဘာလို့ အဲ့လို on လဲဆိုတော့ ကျွန်တော့် CSV ဖိုင်က NEZD format နဲ့လုပ်ထားလို့ပါ။ ENZD format နဲ့လုပ်ထားတာဆိုရင်တော့ X/Easting/Longitude Coordinate First ကို on ရပါမယ်။
၃.၃။ Fields to Skip at Start of Line မှာ 1 လို့ရိုက်ပါ။ ဘာလို့လည်းဆိုတော့ ကျွန်တော့် CSV ဖိုင် ရှေ့ဆုံး Column ဟာ အမှတ်စဉ်ဖြစ်ပြီး coordinate မဟုတ်တဲ့အတွက် ပထမဆုံး လိုင်းကို ကျော်လိုက်ပါလို့ပြောချင်လို့ 1 လို့ ရိုက်ထည့်ပေးလိုက်တာပါ။ OK ကိုနှိပ်ပါ။
၄။ Unknown Projection ဆိုပြီး box တစ်ခုကြလာပါလိမ့်မယ်။ OK ကိုနှိပ်ပါ။
၅။ Projection အကွယ်မှာ UTMZone မှာ 47 (ဒါကတော့ ကျွန်တာ့်မြေပုံက 47 ထဲရောက်နေလို့ 47 ပေါ့ဗျာ။ 46 ထဲကဆိုရင်လည်း 46 ရွေးပေးပေါ့။ Datum မှာ Myanmar Datum ရွေးပေးရပါမယ်။ Myanmar Datum လုပ်နည်း မသိသေးရင် ဒီလင့် မှာကြည့်နိုင်ပါတယ်။ ပြီးရင် OK ကိုနှိပ်ပါ။
၆။ ပွိုင့်တွေကို Global mapper မှာတွေ့နေရပါပြီ။
၇။ Tools menu က Configure ကိုနှိပ်ပါ။
၈။ Configuration box ရဲ့ Projection Tab ကိုနှိပ်ပါ။
၈.၁။ Projection မှာ မိမိ Export လုပ်ချင်တဲ့ Geographic (Latitude/Longitude) ကိုရွေးပါ။
၈.၂။ Datum မှာ WGS 84 ကိုရွေးပါ။ ပြီးရင်တော့ Apply>Ok နှိပ်ပါ။
၉။ File ကို export လုပ်ဖို့အတွက် File>Export>Export Vector Format ကိုနှိပ်ပါ။
၁၀။ Select Export Format ဆိုတဲ့ box တစ်ခုကြလာပါမယ်။ နဘေးက မျှားလေးကိုနှိပ်ပြီး CSV ကိုရွေးပေးပါ။ OK ကိုနှိပ်ပါ။
၁၁။ CSV Export Options box ပေါ်လာပါလိမ့်မယ်။ OK ကိုနှိပ်၊ ဖိုင်နာမည်ပေးပြီး။ ကို save လုပ်ချင်တဲ့ နေရာကိုရွေးပါ။
၁၂။ Export လုပ်ထားတဲ့ CSV ဖိုင်ကို ဖွင့်ကြည့်ပါ။ လူကြီးမင်း ပြောငး်ထားတဲ့ location format နဲ့ ဖိုင်တစ်ခုရပါပြီ။
Projection နဲ့ Datum ကို အခုပြထားသလိုမဟုတ်ပဲ။ မိမိ လုပ်ငန်းလိုအပ်ချက်အလိုက် အဆင်ပြေရာကိုလည်း ပြောင်းနိုင်ပါတယ်။
၁၃။ Indian Zone Grid ကိုပြောင်းချင်တယ်ဆိုရင်
အတွက် မြန်မာနိုင်ငံကို အောက်ပုံမှာပြထားတဲ့အတိုင်း ဇုံသုံးခုခွဲထားပါတယ်။ မြန်မာနိုင်ငံအပေါ်ပိုင်းက IIB၊ အလယ်ပိုင်းက IIIB နဲ့ အောက်ပိုင်းကို IVB အဲ့လိုခွဲထားတယ်ဗျ။
ပုံမှာပြထားတဲ့အတိုင်း မုံရွာမြို့ရဲ့အထက်ဘက် 22°30' ရဲ့အပေါ်ဘက်ဟာ IIB။
22°30' နဲ့ 15°30' ရဲ့ကြားဟာ IIIB15°30' မိနစ်ရဲ့အောက် ရေးမြို့ရဲ့ အောက်ဘက်ခြမ်းရောင်သွားရင် IVB လို့သတ်မှတ်ပါတယ်။
နောက် ၉၆° လိုင်းရဲ့ အရှေ့ဘက်ခြမ်းဆိုရင် India Thailand Datum နဲ့ အနောက်ဘက်ကို India Bangladesh Datum ကိုသုံးပါတယ်။ Planar units က YardsElevation Units က Feets ရွေးပေးရပါတယ်။
ပြီးပါပြီ။ အဆင်ပြေကြပါစေဗျာ။
No comments:
Post a Comment