Friday, November 25, 2016

Field Geologist


Geologist အတော်များများဟာသူတို့ဘ၀ရဲ့ အချိန်အများစုကို သဘာဝတရားကြီးနဲ့အတူကုန်ဆုံးကြပါတယ်။ အထူးသဖြင့် မဖွံ့ဖြိုးမတိုးတက်သေးတဲ့ နေရာဒေသတွေမှာ နေထိုင်သွားလာရင်း ကွင်းဆင်းလုပ်ငန်းတွေကို လုပ်ဆောင်ကြပါတယ်။ Outdoor Life ကိုမနှစ်သက်တဲ့ သူတစ်ယောက်ဟာ၊ သဘာဝနဲ့ တစ်သားတည်း မဖြစ်တဲ့သူတစ်ယောက်ဟာ Geologist မဖြစ်နိုင်ပါဘူး။

Geologist တစ်ယောက်ဟာ သဘာဝ အလှတရားတွေကို မပျက်စီး မဆုံးရှုံးအောင် ထိန်းသိမ်းစာင့်ရှောက်ဖို့ တာဝန်လည်းရှိပါတယ်။ ဒါကြောင့် မိမိကြောင့် မိမိကွင်းဆင်းအဖွဲ့ကြောင့် ကွင်းဆင်းရာ ဒေသက လူမှု အဖွဲ့အစည်း၊ တိရိစ္ဆာန်၊ အပင်နဲ့ သဘာဝ အနေအထားတွေ အတတ်နိုင်ဆုံး ထိခိုက် ဆုံးရှုံးမှုမရှိရအောင်၊ အနှောင့်အယှက်မဖြစ်ရေအောင် ကြိုးစားထိမ်းသိန်းသင့်ပါတယ်။
ရှားပါးတဲ့တွင်းထွက်နဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ခွာယူ ဖျက်စီး နမူနာယူခြင်းကို အတတ်နိုင်ဆုံး ရှောင်သင့်ပါတယ်။ နမူနာယူဖို့လိုအပ်လာရင်လည်း လိုအပ်တဲ့ နမူနာပမာဏကိုပဲ ယူသင့်ပါတယ်။ နမူနာယူရမယ့်နေရာကို တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုခုက ပိုင်ဆိုင်ခဲ့မယ်ဆိုရင် ဦးစွာခွင့်တောင်းဖို့လိုအပ်ပါတယ်။
Leave no trace ဆိုတဲ့အတိုင်း မိမိကွင်းဆင်း စခန်းချရာနေရာဒေသတွေမှာ အမှိုက်တွေကို စနစ်တကျ တွင်းတူးမြုပ်နှံတာမျိုးပြုလုပ်သင့်ပါတယ်။ ကွင်းဆင်းစခန်းသိမ်းပြန်လည်ထွက်ခွာတဲ့အခါမှာ မိမိ စခန်းချခဲ့တဲ့ နေရာဟာ ရောက်ခဲ့စဉ်အချိန်ကအနေအထားအတိုင်းကျန်ခဲ့အောင် အတတ်နိုင်ဆုံး ကြိုးစား လုပ်ဆောင်သင့်ပါတယ်။
Geologist တစ်ယောက်ဟာ ပူတဲ့ရာသီဥတု၊ အေးတဲ့ရာသီဥတု စတဲ့ ကြမ်းတမ်းတဲ့ရာသီဥတုမှာ လှုပ်ရှားသွားလာ နေထိုင် အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် ကိုယ်စိတ်နှစ်ပါးစလုံး ကြံခိုင်ဖို့လိုအပ်ပါတယ်။ အဖွဲ့အစည်းနဲ့ လက်တွဲ အလုပ်လုပ်နိုင်ဖို့လိုသလို၊ လိုအပ်လာရင် တစ်ဦးချင်းလည်း ရင်ဆိုင် ဖြေရှင်းနိုင်တဲ့ သူဖြစ်အောင် ကြိုးစားရပါမယ်။
ရေကူး၊ ကျောက်တောင်တက်၊ လှေလှော်၊ မြင်းစီး၊ ကားမောင်းခြင်း၊ ဆိုင်ကယ်မောင်းခြင်း စတဲ့ စကေးတွေကိုလည်း ကျွမ်းကျင်ဖို့လိုအပ်ပါတယ်။ ဒါတွေကတော့ Field Geologist တစ်ယောက်အတွက် လိုအပ်တဲ့ အရည်အသွေးတွေထဲကမှ တစ်ချို့တစ်ဝက်ကို ထုတ်နှုတ်တင်ပြခြင်းဖြစ်ပါတယ်။
ref: Basic Geological mapping

No comments:

Post a Comment